ငွေကြေးခဝါချမှုဥပဒေကို ပြင်ဆင်ရမည်
ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်ဖို့နဲ့ သက်သေခံပစ္စည်းစီမံထိန်းသိမ်းရေးနဲ့ စီမံခန့်ခွဲရေးဥပဒေကို အသစ်ပြဋ္ဌာန်းရမှာဖြစ်တယ်လို့ နစကအဖွဲ့ဝင်ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကပြောပါတယ်။ ဩဂုတ် ၂၁ ရက်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှာကျင်းပတဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ အစည်းအဝေးမှာ ဗဟိုအဖွဲ့ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောကြားခဲ့တာပါ။ ...