ရွှေတိဂုံစေတီ၌ ရွှေသင်္ကန်းကပ်ရန် ငြမ်းစေတီ တည်ဆောက်
ရွှေတိဂုံစေတီတော်မြတ်ကြီးကို လုံးတော်ပြည့်ရွှေသင်္ကန်းတော်ကပ်လှူပူဇော်ဖို့ ငြမ်းစေတီတည်ဆောက်တာနဲ့ အန္တရာယ်ကင်းပရိတ်တရားတော်နာမင်္ဂလာအခမ်းအနားကို စက်တင်ဘာလ(၁၉)ရက် မနက် ၅ နာရီအချိန်လောက်က ရွှေတိဂုံစေတီတော်မြတ်ကြီးရှိ သတ်မှတ်နေရာတွေမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကနေသိရပါတယ်။ အခမ်းအနားတွေကို ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရဲ့ ဩဝါဒါစရိယဆရာတော်ကြီးတွေကြွရောက်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးဌေးအောင် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်တွေနဲ့ တာဝန်ရှိသူတွေ၊ ပါဝင်ကုသိုလ်ယူဆောင်ရွက်ကြမယ့်ဝန်ထမ်းတွေ၊ ...