တောင်သူများ စပါးပြန်လည်စိုက်ပျိုးရန် အခက်အခဲဖြစ်နေ
ပြီးခဲ့တဲ့ဇူလိုင်လအတွင်းက တိုင်းနဲ့ပြည်နယ်အချို့က နေရာဒေသအချို့မှာ မြစ်ရေတွေမြင့်တက်မှုကြောင့် စပါးစိုက်ခင်းတွေအပါအဝင် သီးနှံစိုက်ခင်းတွေအများအပြား ရေနစ်မြုပ်မှုတွေဖြစ်ခဲ့ပြီး ပြန်လည်စိုက်ပျိုးဖို့ အခက်အခဲဖြစ်နေတယ်လို့ စပါးစိုက်တောင်သူအချို့က ပြောပါတယ်။ တချို့မြို့နယ်တွေမှာ ရေနစ်မြုပ်ခံခဲ့ရတဲ့လယ်ယာမြေတွေ ရေပြန်လည်ကျဆင်းတာရှိပေမယ့် တစ်ချို့လယ်ယာမြေတွေကတော့ ရေပြန်မကျသေးဘူးလို့ တောင်သူတွေကပြောကြပါတယ်။ ရေနစ်မြုပ်ခံရတဲ့လယ်ယာမြေမှာ စပါးပြန်လည်စိုက်ပျိုးရင် နောက်တစ်ခါ ...