ခြင်ကျားအထီးကို သားကြောဖြတ်၍ ခြင်ကောင်ရေ လျော့ကျရန်ဆောင်ရွက်
ဥရောပမှာ ရာသီဥတုဖောက်ပြန်မှုကြောင့် သွေးလွန်တုပ်ကွေးနဲ့ တခြားအပူပိုင်းဒေသ ကူးစက်ရောဂါပိုးတွေ သယ်ဆောင်လာတဲ့ ခြင်တွေ အရှိန်အဟုန်ပြင်းပြင်း ပေါက်ဖွားလာမှုကို တိုက်ဖျက်ဖို့ ကြိုးပမ်းနေပါတယ်။ အဲဒီလို ကြိုးပမ်းနေရာမှာ စပိန်နိုင်ငံ ဗလင်စီယာမြို့အနီးက ဓာတ်ခွဲခန်းတစ်ခုမှာ ထောင်ပေါင်းများစွာသော ခြင်ကျားတွေ မွေးမြူပြီး သားကြောဖြတ်ပေးနေပါတယ်။ ...