မြန်မာနိုင်ငံ ခရီးသွားပြပွဲ(၂၀၂၅) ကျင်းပရန် စီစဉ်နေ
မြန်မာနိုင်ငံခရီးသွားပြပွဲ(၂၀၂၅)ကို ကျင်းပသွားဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနက သိရပါတယ်။ မြန်မာ့နိုင်ငံခရီးသွားပြပွဲ(၂၀၂၅) ကျင်းပဖို့အတွက် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းနဲ့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနဲ့ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီ ၁၁ ရက်က တွေ့ဆုံဆွေးနွေးခဲ့တာပါ။ ...