သစ်ပင်စိုက်လို့ သဘာဝတ်ဝန်းကျင်ထိန်းသိမ်းစို့
မြန်မာနိုင်ငံတွင် နှစ်စဉ် ဇွန်၊ဇူလိုင်လများတွင်သက်ဆိုင်ရာတို့မှကြီးကြပ်၍သစ်ပင်စိုက်ပျိုးပွဲတော်တွေကို ကျင်းပလေ့ရှိနေကြသည်။သစ်တောဦးစီးဌာနကလည်းသစ်ပင်တွေစိုက်ပျိုးနိုင်ရေးအတွက်ပျိုးပင်တွေဖြ့န်ဖြူးပေးလျက်ရှိသည်။ပျိုးပင်တွေအတွက်လည်းနိုင်ငံတော်မှငွေကြေးတွေအကုန်အကျခံဆောင်ရွက်ပေးထားသည်။သစ်ပင်စိုက်ပျိုးပွဲတွေကအမြို့မြို့အရွာရွာမှာ။ အမှန်လည်းသစ်တော၊သစ်ပင်စိုက်ပျိုးရေး၊ထိန်းသိမ်းရေးမှာ နိုင်ငံသားပြည်သူများ၏စားဝတ်နေရေးအတွက်လိုအပ်သည့်အရာဖြစ်သည်။ သစ်တောသစ်ပင်များ၏အရေးပါမှု သစ်ပင်နှင့်ဇီဝတိရစ္ဆာန်ကွဲများစွာတို့သည်လူသားတို့အသက်ရှည်နေထိုင်ရန်အခြေခံကျသောလိုအပ်ချက်များကိုဖြည့်ဆည်းပေးနေခြင်းဖြစ်သည်။သန့်စင်သောလေ၊ရေ၊အစားအစာ၊ဆေးဝါးစသည်များအပါအဝင်လူ သားတို့်အပေါ်အကျိုးပြုလျက်ရှိနေကြသည်။ထိူကဲ့သို့လူသားတို့အပေါ်အကျိုးပြုနေသော်လည်းလူသားများကိုယ် တိုင်ကပင်သတိမမူ၊အကျိုးမဲ့မှုများကိုပြုလုပ်နေကြကာမိမိတို့၏စားဝတ်နေရေးစသည့်ဘဝနေထိုင်ရေးပတ်ဝန်း ကျင်အားဖျက်ဆီးနေတတ်ကြသည်။အထူးသဖြင့်သစ်တောများကိုအလွန်အကျွံခုတ်လှဲထုတ်ယူနေကြပြီး သစ်တောများပြုန်းတီးမှုကိုဖြစ်နေစေသည်။သို့ဖြင့်ကမ္ဘာ့သစ်တောများကျယ်ပြ့န်စွာထိခိုက်ပျက်စီးနေသည်ကို တွေ့နေရသည်။သစ်တောများပြုန်းတီးမှုကြောင့် မြေဆီလွှာပျက်စီးခြင်း၊ရေသံသရာလည်ပတ်မှု ပျက်စီးခြင်း၊ဇီဝမျိုးကွဲများထိခိုက်ဆုံးရှုံးရခြင်း၊ရာသီဥတုဆိုင်ရာပြောင်းလဲမှုများကိုကြုံတွေ့လာကြရသည်။ သစ်တောများပြုန်းတီးလာခြင်းကြောင့်လေထုအတွင်းကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုမြင့်တက်လာ ခြင်း၊ကမ္ဘာကြီးပူနွေးလာခြင်း၊ရေခဲတောင်များအရည်ပျော်လာသဖြင့်သမုဒ္ဒရာနှင့်ပင်လယ်ကြမ်းပြင်များမြင့်တက်လာခြင်း၊ဂေဟစနစ်များပျက်ယွင်းလာခြင်း၊အပူပြင်းထန်ခြင်း၊မိုးကြီးခြင်း၊ရေလျှံခြင်း၊မြေပြိုခြင်း၊မိုးခေါင်ခြင်း၊ရေ ရှားပါးခြင်း၊မြေငလျင်လှုတ်ခတ်ခြင်း၊မြေဆီလွှာခန်းခြောက်ခြင်း၊ဆူနီမီရေလှိုင်းများရိုက်ခတ်ခြင်းများအပြင် ကမ္ဘာ့နေရာတော်တော်များများတွင်သဲကန္တာရများဖြစ်ထွန်းလာခြင်းစသောဆိုးကျိုးများကိုလူသားများရင်ဆိုင်နေကြရပြီဖြစ်သည်။ ယနေ့ကမ္ဘာတွင်အပူချိန်မြင့်တက်လာခြင်း၊အအေးလွန်ကဲလာခြင်း၊့မိုးသည်းထန်စွာရွာသွန်းခြင်း၊ပုံမှန်မဟုတ်သည့်မုန်တိုင်းကြီးများ ...