မကွေးတွင် ကျောင်းကျန်းမာရေး အဆင့်မြှင့်တင်
မိုးရာသီကာလမှာ သွေးလွန်တုပ်ကွေးနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါအဖြစ်များတဲ့အတွက် မကွေးမြို့နယ်အတွင်း အခြေခံပညာကျောင်းတွေမှာ ကျောင်းကျန်းမာရေးလုပ်ငန်းတွေ အဆင့်မြှင့်တင်ဆောင်ရွက်နေတယ်လို့ မကွေးမြို့ နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ တာဝန်ခံဒေါ်ဌေးဌေးမော်ကပြောပါတယ်။ ကျောင်း ကျန်းမာရေးလုပ်ငန်းတွေကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဝန်ထမ်းတွေနဲ့ အခြေခံပညာဦးစီးဌာနက ဆရာ၊ ဆရာမတွေ ပူးပေါင်းလုပ်ဆောင်နေတာလို့ ...