ကျုံကပြင်-တက်ဆိပ်နယ်မြေ၌ ငှက်မျိုးစိတ်(၁၆၀)ကို မှတ်တမ်းတင်နိုင်ခဲ့
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်ရှိ ကျုံကပြင်-တက်ဆိပ် ဒေသခံသားငှက်ထိမ်းသိမ်းရေးနယ်မြေမှာ ကမ္ဘာ့ရှားပါးငှက်မျိုးစိတ်များအပါအဝင် ငှက်မျိုးစိတ်ပေါင်း(၁၆၀)ကို မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကနေသိရပါတယ်။ အဲဒီငှက်မျိုးစိတ်တွေကိုထိန်းသိမ်းဖို့အတွက် လေ့လာမှတ်တမ်းတင်တာတွေကိုလစဉ်လတိုင်းဆောင်ရွက်နေပြီး ၂၀၂၄ခုနှစ်ဩဂုတ်လအထိ စာရင်းကောက်ယူထားတဲ့မှတ်တမ်းတွေအရ ငှက်မျိုးစိတ်(၁၆၀)ကို မှတ်တမ်းတင်ထားနိုင်တယ်လို့ဆိုပါတယ်။ မှတ်တမ်းတင်ထားနိုင်တဲ့ ငှက်မျိုးစိတ်တွေထဲမှာ ကြိုးကြာခေါင်းနီငှက်၊ စာဝါကျားငှက်၊ ကိုင်းစွေ့ငှက်၊ ခရုတုတ်ငှက်စတဲ့ငှက်မျိုးတွေပါဝင်တယ်လို့သိရပါတယ်။ ...