နှစ်ကူးရုံးပိတ်ရက်၌ ကျိုက်ထီးရိုးဘုရားဖူး ပိုမိုဝင်ရောက်နိုင်
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးကို ဒီဇင်ဘာလ နောက်ဆုံးပတ် ရုံးပိတ်ရက်ရှည်(၅)ရက်မှာ ဘုရားဖူးတွေ ပိုမိုဝင်ရောက်လာနိုင်တယ်လို့ ကျိုက်ထီးရိုးဂေါပကအဖွဲ့က သိရပါတယ်။ ဒီဇင်ဘာရုံးပိတ်ရက်တွေတုန်းကလည်း ကျိုက်ထိုးရိုးစေတီတော်ကို ဘုရားဖူးခရီးသည်တွေ အများအပြား လာရောက်ဖူးမြော်ခဲ့တယ်လို့ ဆိုပါတယ်။နှစ်ကူးရုံးပိတ်ရက်(၅)ရက်မှာလည်း ဘုရားဖူးလာရောက်တဲ့သူတွေ များလာမှာဖြစ်ပြီး တောင်တက် တောင်ဆင် ...