မြန်မာနိုင်ငံမှာမျောက်ကျောက်ရောဂါအတည်ပြုလူနာမရှိသေးဟု ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်
မြန်မာနိုင်ငံမှာ လက်ရှိအချိန်ထိ Mpox(မျောက်ကျောက်)ရောဂါ အတည်ပြုလူနာ မရှိသေးဘူးလို ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ်၁၉ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၂ခုနှစ်ကနေ လက်ရှိအချိန်ထိ သံသယလူနာတွေရဲ့ ဓာတ်ခွဲနမူနာ ၁၂၉ခုကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးခဲ့ရာမှာ အတည်ပြုလူနာမရှိသေးဘူးလို ဆိုပါတယ်။ ၂၀၂၄ခုနှစ်အတွင်း ဒီမိုကရက်တစ်ကွန်ဂို(DRC)နိုင်ငံနဲ့ အာဖရိကနိုင်ငံတွေမှာ ...