တိုင်းရင်းဆေးနှစ်မျိုးကို သုံးစွဲရန်မသင့်ဟု ထုတ်ပြန်
အနောက်တိုင်းဆေးရောနှောပြီး စံမညီတိုင်းရင်းဆေးဝါးတွေဖြစ်တဲ့ ဘီလူးငါးကောင်အမှတ်တံဆိပ်နဲ့ ဆားဒူးကြီးအမှတ်တံဆိပ်အမျိုးသားအကြောသန်အားတိုးဆေးမှုန့်တွေကို သုံးစွဲဖို့မသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာလ ၂၃ ရက်ကထုတ်ပြန်ပါတယ်၊၊ ကျန်းမာရေးဝန်ကြီးဌာနဟာ အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းကာအကျိုးအာနိသင်ရှိတဲ့တိုင်းရင်းဆေးဝါးတွေကို ပြည်သူတွေသုံးစွဲနိုင်ဖို့ စနစ်တကျစစ်ဆေးဆောင်ရွက်နေတယ်လို့ဆိုပါတယ်၊၊ အဲဒီလိုစစ်ဆေးရာမှာ စျေးကွက်အတွင်းတွေ့ရှိရတဲ့ ဘီလူးငါးကောင်အမှတ်တံဆိပ် အမျိုးသားအကြောသန်အားတိုးဆေးမှုန့်နဲ့ ဆားဒူးကြီးအမှတ်တံဆိပ်အမျိုးသားအကြောသန် အားတိုးဆေးမှုန့်တွေဟာ ...