ကူဘိုကိုခေါ်ရန် လီဗာပူးအသင်း ချိတ်ဆက်နေ
ပရီးမီးယားလိဂ်ကလပ် လီဗာပူးအသင်းဟာ ဆိုစီဒက်အသင်းရဲ့ ဂျပန်ကွင်းလယ်လူ ကူဘိုကို ခေါ်ယူနိုင်ဖို့အတွက် ချိတ်ဆက်မှုတွေ ပြုလုပ်နေပါတယ်။ နည်းပြကလော့ပ်နဲ့ ပြီးခဲ့တဲ့ရာသီကုန်မှာ လမ်းခွဲခဲ့တဲ့ လီဗာပူးအသင်းဟာ နည်းပြသစ် အာနီစလော့လက်ထက် အခုနွေရာသီအပြောင်းအရွှေ့မှာ လူခေါ်ဖို့အတွက် ကြန့်ကြာနေတာကြောင့် ပရိသတ်တွေက အားမလိုအားမရ ဖြစ်နေခဲ့တာပါ။ ...