မကွေး၌ ရှမ်းကုန်စိမ်းစျေးကွက် ရောင်းအားကျနေ
မကွေးမြို့မှာ ရှမ်းပြည်နယ်ကဝင်လာတဲ့ ကုန်စိမ်းတွေစျေးကျနေသလို ရောင်းအားလည်းကျနေတယ်လို့ ကုန်စိမ်းရောင်းချသူတွေက ပြောပါတယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံအတွင်းက တချို့ဒေသတွေမှာ ရေကြီးရေလျှံမှုတွေ၊ လမ်းပိတ်ဆို့မှုတွေ ရှိနေတဲ့အတွက် မကွေးတိုင်းဒေသကြီးကိုပဲ အဓိကတင်ပို့နေတာကြောင့် မကွေးမှာ ရှမ်းကုန်စိမ်းအဝင်များပြီး ဈေးကျနေတာဖြစ်တယ်လို့ ဆိုပါတယ်။ မကွေးမြို့ကို ရှမ်းပြည်နယ်ဘက်ကနေ ...