ကရာချိလေဆိပ်ပေါက်ကွဲမှု (၂)ဦးသေ (၈)ဦးဒဏ်ရာရ
ပါကစ္စတန်နိုင်ငံ ကရာချိမြို့ လေဆိပ်အနီးမှာ တင်္ဂနွေနေ့ကကြီးမားပြင်းထန်တဲ့ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာမှာ အနည်းဆုံး လူ(၂)ယောက်သေဆုံးပြီး အနည်းဆုံး(၈)ယောက်ဒဏ်ရာရခဲ့ပါတယ်။ အဲဒီပေါက်ကွဲမှုဟာ လေဆိပ်အပြင်ဘက်က လှောင်ကန်တစ်ခုပေါက်ကွဲမှုဖြစ်ပြီး အဲဒီလှောင်ကန်ဟာ ပါကစ္စတန်မှာအကြီးဆုံးလှောင်ကန်တစ်ခုလို့ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုဟာ နိုင်ငံခြားသားတွေကိုပစ်မှထ်ထားတဲ့ တိုက်ခိုက်မှုလို့ဒေသအာဏာပိုင်တွေဘက်ကပြောပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ယောက်က အေပီသတင်းဌာနကို ပြောကြားရာမှာတော့ ...