ကမ္ဘောဇရိပ်သာကို အနုပညာပြတိုက်အဖြစ် ပြသမည်
ရန်ကုန်မြို့၊ကမ္ဘာအေးဘုရားလမ်းမှာရှိတဲ့ ကမ္ဘောဇရိပ်သာ (ချင်းချောင်းနန်းတော်)ကို အမျိုးသားအနုပညာပြတိုက် အဖြစ် ခင်းကျင်းပြသသွားမယ်လို့ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက သိရပါတယ်။အဲဒီအနုပညာပြတိုက်မှာ မြန်မာနိုင်ငံတစ်ဝန်းက ယဉ်ကျေးမှုအနုပညာတွေကို ထိန်းသိမ်းစောင့်ရှောက်သွားနိုင်ဖို့ ရည်ရွယ်လုပ်ဆောင်တာဖြစ်ပြီး ပြန်လည်ပြုပြင်တာတွေ လုပ်ဆောင်နေပြီဖြစ်တယ်လို့ သိရပါတယ်။ ပြတိုက်ရဲ့အပေါ်ဘက်မှာ ပြခန်းပေါင်း ဆယ်ခန်းကျော် ပြသမှာဖြစ်ပြီး ခေတ်အလိုက်ပန်းချီကားတွေ ...