ကမ္ဘာကြီးပူနွေးလာမှုကြောင့်ကမ္ဘာအရပ်ရပ်တွင်ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကိုကြုံတွေ့နေကြရ သည်။ထူးခြားသည့်မိုးလေဝသဖြစ်စဉ်များကိုဖြစ်ပေါ်စေပြီးအစွန်းရောက်မိုးလေဝဖြစ်စဉ်များကိုတွေ့ကြုံနေ ကြ ရသည်။ပူသည့်နေရာဒေသများတွင်ပိုမိုပူပြင်းလာခြင်း(အပူချိန်မြင့်တက်ခြင်း)၊ခြောက်သွေ့သည့်ဒေသများ တွင်ပိုမိုခြောက်သွေ့လာခြင်း(မိုးခေါင်ခြင်း)၊မိုးများသည့်နေရာဒေသများတွင်ပိုမိုစိုစွတ်လာခြင်း(မိုးသည်းထန်စွာ ရွာသွန်းခြင်း)စသည့်ဖြစ်စဉ်များမှာကမ္ဘာဒေသအနှံ့အပြားတွင်ဖြစ်ပေါ်လျက်ရှိနေသည်။မြန်မာနိုင်ငံတွင်ဖြစ်ပေါ်လေ့ရှိသောသဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍အမျိုးအစားများခွဲခြားသတ်မှတ်ထားရှိသည်။ယင်းတို့မှာ (၁)ဘူမိ ရူပဆိုင်ရာ(ငလျင်၊မြေပြိုခြင်း၊ဆူနာမီ၊မီးတောင်ပေါက်ကွဲ ခြင်း)၊ (၂)ဇလ ဗေဒဆိုင်ရာ (နှင်းတောင်ပြိုခြင်း၊ရေကြီး ခြင်း)၊(၃)ရာသီဥတုဆိုင်ရာ(ဆိုင်ကလုန်းနှင့်မုန်တိုင်းများ၊ ဒီရေမြင့်တက် ခြင်း)၊ဇီဝဗေ ဒဆိုင်ရာ(ကူးစက်မြန်ရောဂါ၊အင်းဆက်နှင့်တိရစ္ဆာန်၊ပလိပ်ရောဂါ)စသည်ဖြင့် ဖြစ်ပွား ပျက်စီးတတ်ပုံနယ်ပယ်အလိုက်ခွဲခြားသတ်မှတ်ကာသတိထားစောင့်ကြည့်လျက်ရှိနေကြသည်။မြန်မာ နိုင်ငံတွင်အဖြစ်အများဆုံးသဘာဝဘေးအန္တရာယ်မှာလေမုန်တိုင်းတိုက်ခတ်ခြင်း၊လေဆင်နှာမောင်း တိုက်ခတ် ခြင်း၊ရေကြီးခြင်း၊မြေပြိုခြင်း များဖြစ်ကြသည်။

မုတ်သုန်အစဖြစ်ပေါ်တတ်သော မုန်တိုင်းများ၏ခြေရာ
၂၀၂၅ ခုနှစ်တွင် ဧပြီလမှစတင်ကာ မုန်တိုင်းသတိပေးချက်များထုတ်ပြန်ကြသည်ကိုခပ်စိတ်စိတ်ကြား လာရသည်။ ယခုလည်း ဧပြီလနောက်ဆုံးပတ်မှမေပထမပတ်အတွင်းမိုးတိမ်တောင်များ၊ လေပွေလှိုင်းများ ဖြစ်ပေါ်နိုင်ကြောင်းသတင်းများ ကို မိုးလဝေသဌာနမထုတ်ပြန်လာသည်ကိုတွေ့ရသည်။အမှန်အားဖြင့်လည်းေ မလမှာမုတ်သုန်အကြိုကာလဖြစ် ပြီး၊ မုန်တိုင်းရာသီအစလည်းဖြစ်သည်။
ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်ခဲ့သည့်မုန်တိုင်းများအကြောင်းကို ၁၇၃၇ ခုနှစ်ခန့်မှစ၍မှတ်တမ်း တင်ခဲ့ကြောင်းသိရသည်။နှစ်အလိုက်မုန်တိုင်းများနှင့်ပတ်သက်၍စာရင်းများကိုမူ ၁၈၇၇ ခုနှစ်မှစ၍ပြုစုခဲ့သည်ဟု မှတ် သားရသည်။မှတ်တမ်းတင်စာရင်းများပြုစုခဲ့သည့် ၁၈၇၇ ခုနှစ်မှ ၁၉၉၄ ခုနှစ်စက်တင်ဘာလအထိနှစ်ပေါင်း ၁၁၈ နှစ်အတွင်းဘင်္ဂလားပင်လယ်အော်တွင်မုန်တိုင်းပေါင်း အကြိမ်(၁၂၀၀)ဖြစ်ပေါ်ခဲ့ကြောင်းဖြင့်လည်းသိရသည်။ တစ်နှစ်လျှင်မုန်တိုင်းပေါင်း ၁၀ ခုမှ ၁၂ ခုခန့်အထိဖြစ်ပေါ်တတ်ကြောင်းဖြင့်လည်းဆိုသည်။ယင်းတို့အနက်မြန်မာ နိုင်ငံ ကမ်းရိုးတန်းသို့ ၇၈ ကြိမ်ဖြတ်ကျော်ခဲ့သည်ဟုလည်းဆိုသည်။
ဘင်္ဂလားပင်လယ်အော်၌မုန်တိုင်းဖြစ်ပေါ်တတ်သည့်အချိန်ကာလမှာ (ဇန်နဝါရီ၊ဖော်ဝါရီ၊မတ်) ၃ လမှ လွဲ္ပ၍ ကျန်လများတွင်ဖြစ်ပေါ်တိုက်ခတ်လေ့ရှိကြောင်းဆိုသည်။သို့ရာတွင်အဆိုးဝါးဆုံးမုန်တိုင်းများဖြစ်ပေါ်လေ့ရှိ သည့်ကာလမှာ မိုးဦးကာလ(ဧပြီလနှင့်မေလ)၊မိုးနှောင်းကာလ(အောက်တိုဘာလနှင့်နိုဝင်ဘာလ)များတွင် ဖြစ် ပေါ်ခဲ့ခြင်းဖြစ်ကြောင်းမှတ်တမ်းများအရသိရသည်။နှစ်ပေါင်း(၁၀၀)ကျော်ကာလအတွင်းမြန်မာနိုင်ငံကမ်းရိုး တန်း သို့ဝင်ရောက်တိုက်ခတ်ခဲ့သည့်မုန်တိုင်းပေါင်းရ၈ကြိမ်ရှိခဲ့သော်လည်းပျက်စီးဆုံးရှုံးမှုအများဆုံး၊ထိခိုက်ဆုံးရှုံးမှုအများ ဆုံးမုန်တိုင်း ကြီး များမှာ ၁၀ ကြိမ်ခန့်သာရှိခဲ့ကြောင်းဖြင့်လည်းသိရသည်။
မြန်မာနိုင်ငံကမ်းရိုးတန်းသို့ဝင်ရောက်တိုက်ခတ်ခဲ့သည့်မုန်တိုင်းများကို၁၈၈၄ ခုနှစ်မှစ၍မှတ်တမ်းတင် ထားခဲ့ရာ၊ထင်ရှားသောမုန်တိုင်းကြီးများမှာ စစ်တွေမုန်တိုင်း(၁၈၈၄ ခုမေလ ၁၄-၁၇ ရက်)၊လူ ၁၀၀ ကျော်သေ ဆုံး၊ ကျောက်ဖြူမုန်တိုင်း(၁၉၃၆ ခုဧပြီလ ၂၂-၂၆ ရက်)၊လူ ၁၉၉၁ ဦးသေဆုံး၊စစ်တွေမုန်တိုင်း(၁၉၄၈ ခုအောက် တိုဘာ လ ၅-၈ ရက်)၊လူအချို့သေဆုံး၊ရန်ကုန်-ပုသိမ်မုန်တိုင်း(၁၉၅၂ ခုအောက်တိုဘာလ ၂၂-၂၄ ရက်)၊ ကျောက်ဖြူမုန်တိုင်း (၁၉၆၇ ခုမေလ ၁၅-၁၈ ရက်)၊စစ်တွေမုန်တိုင်း(၁၉၆၈ ခုမေလ ၆- ၁၀ ရက်)လူ ၁၀၃၇ ဦးသေဆုံး၊ပုသိမ်မုန်တိုင်း (၁၉၇၅ ခုမေလ ၅-၇ ရက်)၊လူ ၇၀၇ ဦးသေဆုံး၊ကျောက်ဖြူမုန်တိုင်း(၁၉၇၈ ခု မေလ ၁၄-၁၇ ရက်)၊ဂွ-မုန်တိုင်း (မေလ ၂-၅ ရက်)၊မောင်တောမုန်တိုင်း(၁၉၉၄ ခုမေလ ၁-၂ ရက်)၊စစ်တွေ-မြေပုံ မုန်တိုင်း(၂၀၀၄ ခုနှစ်မေလ ၁၉ ရက်)၊လူ ၂၂၈ ဦးသေဆုံး၊ဂွ-ဧရာဝတီ မာလာမုန်တိုင်း(ဧပြီ ၂၄-၂၉ ရက်)၊ဂွ-တွင်လူတစ်ဦးသေ၊စစ်တွေ အကာ့ရှ် မုန်တိုင်း(၂၀၀၇ ခုနှစ်မေလ ၁၄ ရက်)၊လူ ၂၉၀ ဦးသေ၊ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊မွန်ပြည်နယ်၊ကရင် ပြည်နယ် နာဂစ်မုန်တိုင်း(၂၀၀၈ ခုနှစ် မေ ၂- ၃ ရက်)လူ ၇၇၇၃၈ ဦးသေ၊၅၅၉၁၇ ဦးပျောက်ဆုံးများဖြစ်ကြသည်။နောက်ဆုံးတိုက်ခတ်ခဲ့သောမုန်တိုင်းမှာ ၂၀၂၃ ခုနှစ်မေလ ၁၄ ရက်နေ့တွင် ရခိုင်ကမ်းရိုးတန်း ကိုတိုက်ခတ်ခဲ့သော မိုခါမုန်တိုင်းကြီးဖြစ်သည်။ ဤုမုန်တိုင်းကိုမဖြစ်မီတစ်ပတ်ခန့်အလိုကပင်ကြိုတင်ခန့်မှန်းထားပြီး၊နိုင်ငံတကာမှပင်စောင့်ကြည့်ခဲ့ရသောမုန်တိုင်းကြီးဖြစ်ခဲ့သည်။သို့ရာတွင် သက်ဆိုင်ရာမှကြိုတင်ပြင်ဆင်ပြီးလူအများအားဘေးလွတ်ရာနေရာများသို့ကြို တင်ရွှေ့ပြောင်းပေးထားနိုင်ခဲ့ သဖြင့်မုန်တိုင်းဖျက်အားပြင်းသော်လည်းလူအသေအပျောက်မှာ ၁၄၈ ဦးသာရှိခဲ့သည်။သေဆုံးသူအများစုမှာ လည်းသက်ဆိုင်ရာမှသတိပေးချက်ကိုလိုက်နာခြင်း မပြုပဲရှောင်တိမ်းခြင်းမပြုသူများသာဖြစ်ကြသည်။
မြန်မာနိုင်ငံကမ်းရိုးတန်းသို့ဝင်ရောက်တိုက်ခတ်ခဲ့သည့်မုန်တိုင်းများမှာအထူးသဖြင့်မိုးကြိုကာလဖြစ် သည့် မေလအတွင်းသာအများဆုံးဝင်ရောက်တိုက်ခတ်လေ့ရှိသည်ကိုတွေ့ရသည်။မုန်တိုင်းအများစုမှာရခိုင်ကမ်း ရိုးတန်း ဒေသအားဖြတ်ကျော်ဝင်ရောက်တိုက်ခတ်လေ့ရှိသည်ကိုတွေ့ကြရသည်။မြန်မာနိုင်ငံကမ်းရိုးတန်းတွင် နှစ်စဉ်မုန်တိုင်းငယ် ၁၀ ခုခန့်ဖြစ်ပေါ်ခဲ့လေ့ရှိသော်လည်းမြန်မာနိုင်ငံကမ်းရိုးတန်းသို့အားလုံးဝင်ရောက်တိုက်ခတ် လေ့မရှိကြ ကြောင်းတွေ့ရသည်။ထို့အတူနှစ်စဉ်ဆက်တိုက်ဝင်ရောက်တိုက်ခတ်ခြင်းမရှိကြောင်းလည်းတွေ့ရ သည်။
၂၀၀၈ ခုနှစ်တွင်တိုက် ခတ်ခဲ့သည့်နာဂစ်မုန်တိုင်းမှာအရွယ်အစားအားဖြင့်အချင်းမိုင် ၅၀၀ ခန့်ရှိသည့်မုန်တိုင်း ကြီးဖြစ်သည်။ရွေ့လျားမှုမှာ လည်းတစ်နာရီ ၁၀ မိုင်ခန့်သာရှိသဖြင့်မုန်တိုင်းဖြတ်သန်းရာဒေသများမှသာမက အဖျားခတ်ရာဒေသများ၌အပျက် အစီးနှင့်အဆုံးအရှုံးများကိုဖြစ်ပေါ်စေခဲ့ခြင်းဖြစ်သည်။မုန်တိုင်းရွေ့လျား မှုနှုန်း မှာလည်းနှေးကွေးခဲ့ရာမုန်တိုင်းဒါဏ်ကိုအ ချိန်ကြာမြင့်စွာကြုံတွေ့ခံစားခဲ့ရသည်။မုန်တိုင်းသည်ယင်း၏အဝိုင်း အဝန်းကျရာဒေသများကိုစိတ်တိုင်းကျမွှေနှောက်တိုက်ခတ်သွားခဲ့ခြင်းဖြစ်သည်။တိုက်ခတ်ခဲ့သော၂၀၀၈ ခုနှစ်နာဂစ်မုန်တိုင် းကပြည်သူများကိုသင်္ခန်းစာ ပေးထားခဲ့သည်။ထိုသည် ကားမုန်တိုင်းသတိနှင့်မုန် တိုင်းအသိရှိရေးပင်ဖြစ်သည်။၂၀၂၃ ခုနှစ်မေလမိုခါမုန်တိုင်းမှလည်းမုန်တိုင်းသင် ခန်းစာများကိုပေ့းခဲ့သည်ပင်ဖြစ်သည်။
မုန်တိုင်းများကပေးသောသင်္ခန်းစာ
၂၀၀၈ ခုနှစ် တွင်တိုက်ခတ်ခဲ့သောနာဂစ်မုန်တိုင်းသည်ဧပြီလ ၂၄ ရက်နေ့တွင်လေဖိအားနည်းရပ်ဝန်း အဖြစ် သန္ဓေတည်ခဲ့သည်။ဧပြီလ ၂၇ ရက်နေ့တွင်မုန်တိုင်းငယ်အဖြစ်ရောက်ရှိလာသည်။ဧပြီလ ၂၈ ရက်နေ့ တွင်ဆိုင်က လုန်းမုန်တိုင်းနာဂစ်အဖြစ်သို့ရောက်ရှိလာသည်။ဧပြီ၂၉ ရက်၊၃၀ ရက်နှင့်မေလ ၁ ရက်နေ့များတွင် အားကောင်း သည့်ဆိုင်ကလုန်းမုန်တိုင်းကြီးအဖြစ်တည်ရှိကာကမ်းခြေသို့နှေးကွေးစွာရွေ့လျားလာနေ သည်။မုန် တိုင်းဦးတည် ရာလမ်းကြောင်းကိုလည်းခန့်မှန်းတွက်ချက်ရရှိနေသည်။မုန်တိုင်း၏ဦးတည် ရာလမ်းကြောင်း၊ မုန်တိုင်းတိုက်ခတ်နိုင် သည့်အရှိန်၊ရွေ့လျားနှုန်းနှင့်ပြင်းအားတို့ကိုအချိန်နှင့်တစ် ပြေးညီသိရှိနိုင်ခဲ့သည်။မုန်တိုင်း လမ်းကြောင်း တွင်ကျ ရောက်ရာဒေသနေပြည်သူများသည်မုန်တိုင်း အသိများမရှိခဲ့ကြ။မုန်တိုင်းဝင်ရောက်တိုက် ခတ်သည့်တိုင်ဤ မျှပြင်း ထန်မည်မထင်ကြောင်းလျှော့ တွက်မှုများရှိခဲ့ကြသည်။ထိုစဉ်ကထုတ်ဝေခဲ့သည့်ဂျာ နယ်များတွင်ဖော်ပြခဲ့ကြသည့် မုန်တိုင်းဒဏ်ခံ ပြည်သူများအားတွေ့ဆုံမေးမြန်းချက်များအရမုန်တိုင်း၏ပြင်အား ကိုပေါ့လျော့တွက်ဆမှုများရှိနေ ကြကြောင်းသိရှိခဲ့ရသည်။
၂၀၀၆ ခုနှစ်ဧပြီလ ၂၉ ရက်နေ့တွင်တိုက်ခတ်ခဲ့သည့်မာလာမုန်တိုင်းသည်ရခိုင်ကမ်းရိုးတန်း ကိုမုန်တိုင်း မျက်စိဖြတ်ကျော်ခဲ့သည်။မုန်တိုင်းမျက်စိမှာမုန်တိုင်းဗဟိုချက်မလည်းဖြစ်သည်။ရခိုင်ကမ်း ရိုးတန်းရှိ တောင် ကုတ်၊သံတွဲနှင့်ကျိန္တလီမြို့များကိုပါထိခိုက်စေခဲ့သည်။သို့ရာတွင်ဒေသခံပြည်သူများ သည်မုန်တိုင်းသတိနှင့် မုန် တိုင်းအသိရှိနေကြခြင်းကြောင့်ကြိုတင်ပြင်ဆင်မှုများကိုပြုလုပ်ထားနိုင်ခဲ့သည်။သေဆုံးသူတစ်ဦးသာရှိခဲ့သည်။ဤသည်မှာလည်းမုန်တိုင်းတိုက်နေစဉ်အုန်းသီးထွက်ကောက်ရာမှအုန်းပင်ပိ၍သေဆုံးခဲ့ခြင်းဖြစ်သည်။၂၀၀၇ ခုနှစ်မေလ ၁၄ ရက်နေ့တွင်တိုက်ခတ်ခဲ့သောအကာ့ရှ်မုန်တိုင်းတိုက်ခတ်စဉ်ကလည်း ကြိုတင်သ တိပေမှုများ၊ပြင်ဆင်မှုများပြုလုပ်နိုင်သည်။လူအသေအပျောက်မှာရာဂဏန်းမျှသာရှိခဲ့ သည်။၂၀၂၃ ခုနှစ်မေလ ၁၄ ရက်နေ့တွင်ရခိုင်ပြည်နယ်စစ်တွေမြို့အနောက်မြောက်ဘက်မှဖြတ်ကျော်ဝင် ရောက်တိုက်ခတ်ခဲ့သောမိုခါမုန်တိုင်းမှာလည်းပြင်းအားအကြီးဆုံးမုန်တိုင်းတစ်ခုဖြစ်ခဲ့သည်။ဤမုန်တိုင်းကိုမုန်တိုင်းအစပျိုးချိန်မှစတင်၍ ၁၀-ရက် ၁၅-ရက်ခ့န်ကပင်ကြိုတင်ခန့်မှန်းထားခဲ့ကြပြီး ပြင်းအားကြီးမုန်တိုင်းတစ်ခုဖြစ် မည်ဖြစ်ကြောင်း ကမ္ဘာ့သတင်းဌာနများကပင်သတိပေးခဲ့ကြသည်။အဆိုပါသတိပေးမှုကြောင့်ကြိုတင်ပြင်ဆင် သင့်သည်များကိုပြင်ဆင်နိုင်ခှဲု့ လူအသေအပျောက်မှာ ၁၄၈ ဦးသာရှိခဲ့သည်။သေဆုံးသူအများစုမှာလည်း သက် ဆိုင်ရာမှသတိပေးချက်ကိုမလိုက်နာဘဲ ရှောင်တိမ်းခြင်းမပြုကြသူများသာဖြစ်ကြောင်းသိရသည်။
သတိရှိရန်လို
သို့ရာတွင်မြန်မာနိုင်ငံ၏ရာသီဥတုဖြစ်စဉ်အရ ဘင်္ဂ လားပင်လယ်အော်တွင်ဖြစ်ပေါ်ခဲ့သောမုန်တိုင်းများ သည်မြန်မာနိုင်ငံကမ်းရိုးတန်းကိုဖြတ်ကျော်ဝင် ရောက်ခြင်းမရှိ ဟုဆိုသော်လည်း၊မုန်တိုင်းအရှိန်နှင့်မုန်တိုင်း အဖျားခတ်ခြင်းကိုခံရတတ်သည်။အခြားတစ်ဖက်တွင်လည်းတောင်တရုတ်ပင်လယ်တွင်ဖြစ်ပေါ်တတ်သည့်မုန်တိုင်းများ၏အကြွင်းအကျန်လေပွေလှိုင်းများသည်မြန်မာနိုင်ငံမြောက်ပုြိင်းဒေသများကိုဝင်ရောက်လာတတ်ရာ ထိုလေပွေလှိုင်းများကြောင့် မိုးသည်ထန်စွာရွာသွန်းခြင်း၊လေပြင်းများတိုက်ခတ်ခြင်း၊စိုက်ဆင်းလေပြင်များတိုက် ခတ်ကာသဘာဝဘေးကိုကြုံတွေ့ရနိုင်သည်။ ၂၀၂၄ ခုနှစ်ဇူလိုင်လနှင့်စက်တင်ဘာလတွင်ဖြစ်ပွားခဲ့ရေကြီး ရေ လျှံမှုဖြစ်စဉ်များသည် တောင်တရုတ်ပင်လယ်မတွင်ဖြစ်ပေါ်ခဲ့သည့်မုန်တိုင်းမိုးအကြွင်းအကျန်လေပွေ လှိုင်းများ ကြောင့်ဖြစ်သည်။သို့ဖြစ်လေရာ ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်တတ်သည့်မုန်တိုင်းသတင်းများကိုသာမက တောင်တရုတ်ပင်လယ်တွင်ဖြစ်ပေါ်တတ်သည့်မုန်တိုင်းများသတင်းကိုလည်းအလေးထားကြရန်လိုသည်။ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်ပေါ်သည့်သဘာဝဘေးများတွင်ကြိုတင်ပြင်ဆင်ရင်ဆိုင်နိုင်သည့်မုန်တိုင်းနှင့်ရေ ကြီးခြင်း၊မျှော်လင့်မထားနိုင်သည့်အခြေအနေမျိုးနှင့်ရုတ်တရက်တွေ့ကြုံရ သည့်လျှပ် တပြက်ရေ ကြီး ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ရေကြီးခြင်းတို့နှင့်ဆက်စပ်ဖြစ်ပေါ်သည့်တောင်ပြို၊ မြေပြိုခြင်းများကိုသ တိ
ထားကြရန်ုလိုသည်။မုန်တိုင်းအပါအဝင်သဘာဝဘေးအန္တရာယ်များကိုကိုရှောင်လွဲ၍မရ။သိူ့ရာတွင်လာမည့်ဘေး ပြေးတွေ့ဆိုသလိုဖြစ်လာလျှင်ရင်ဆိုင်တွေ့ပြီး အသေ အပျောက်၊အပျက်အစီး၊ဆုံးရှုံးမှုနည်းနိုင်သ လောက် နည်းပါး အောင်ဆောင်ရွက်ကြဖို့ မိုးလေဝသတင်းများကိုနားစိုက်ပြီး ကြိုတင်ပြင်ဆင်သင့်သည်များကို ပြင်ဆင်သင့် ကြ ကြောင်းသတိပေးရေးသားရပါသည်။