လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ပြည်သူ့အင်အားဦးစီးဌာနသည်လူဦး ရေနှင့်အိမ်အ ကြောင်းအရာစာရင်းများကောက်ယူခြင်း၊ထိန်းသိမ်းခြင်းလုပ်ငန်းများကိုစဉ်ဆက်မ ပြတ်လုပ်ဆောင်နေကြောင်းတွေ့ရှိရသည်။ မြန်မာနိုင်ငံတွင်တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုးရှိရာ လူမျိုးအလိုက်၊ဓလေ့အလိုက်၊ယဉ်ကျေးမှုဓလေ့ထုံးစံ အလိုက်လူမျိုးအမည်နာမများ ကိုမှည့်ခေါ်လျက်ရှိနေကြသည်။ ချင်းလူမျိုးဆိုလျှင် ဆလိုင်းဟူ၍ လည်းကောင်း၊ ရှမ်းလူမျိုး ဆိုလျှင် စဝ်ဟူ၍လည်းကောင်း၊ ကရင်လူမျိုးဆိုလျှင် စော ဟူ၍လည်းကောင်း ရှေ့မှတပ်၍ ခေါ်လေ့ရှိသဖြင့်အမည်ကို ကြည့်ရုံဖြင့်မည်သည့် လူမျိုးဖြစ်ကြောင်းသိနိုင်ကြသည်။ လူဦးရေနှင့် အိမ်အကြောင်းအရာမှတ် တမ်းတင်စာရင်း ရေးသွင်းရာတွင် လူမျိုးများ၏အမည်နာမများကိုရေးသွင်းရာ၌ တိကျသေချာစွာရေးသွင်းနိုင်ရန်အရေးကြီးသည်။ လူမျိုးတို့၏ အမည်နာမကို မှန်ကန်စွာရေးသွင်းခြင်းမှာ သက်ဆိုင်ရာလူမျိုးများ၏ ဓလေ့တစ်ခု၊ ယဉ်ကျေးမှုတစ်ရပ်ကို အလေးထား လေးစားရာ ရောက်ပေသည်။အခြားတစ်ဖက်တွင်လည်း လူနာမည်လွဲမှားမှုများမရှိတော့ဘဲ မှန်ကန် သောလူအမည်စာရင်းကို ရရှိနိုင်မည်ဖြစ်သည်။

မိမိသည်လည်း ရခိုင်တိုင်းရင်းသားတစ်ယောက်ဖြစ်သည်။အစိုးရ ရုံးဌာနများတွင် ရခိုင်အမည်များရေး သွင်းရာ၌လွဲချော်နေသည်များကြောင့်အဆင်မပြေမှုများရှိသည်ကိုလည်းတွေ့ရသည်။ရုံးလုပ်ငန်းများနှင့်ပတ် သက်၍ဆောင်ရွက်ရာတွင် လူအမည်များကိုမေးမြန်းမှတ်တမ်းရယူလေ့ရှိကြသည်။ထိုသု့ိမှတ်တမ်းရယူရာတွင် သက်ဆိုင်ရာဝန်ထမ်းများက ရခိုင်အမည်ပေးဓလေ့ကိုနားလည်ခြင်းမရှိဘဲရေးသွင်းခြင်းဖြင့် နောင်ပြန်လည်၍ အထောက်အထားရှာဖွေရာတွင်အခက်အခဲများရှိကြောင်းတွေ့ရသည်။ရခိုင်တိုင်းရင်းသားဝန်ထမ်းများကိုယ် တိုင်ပင်အလေးမထားကြ။ပေါ့ပေါ့ဆဆဖြင့်လုပ်ဆောင်နေကြတတ်ကြသည်။ယခင်နှစ်များက ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေးထိုးခြင်းနှင့်ပတ်သက်၍ ဆေးထိုးရာတွင် သက်ဆိုင်ရာဝန်ထမ်းများ(ရခိုင်တိုင်းရင်းသား ဝန်ထမ်းများကိုယ်တိုင်)ကလူ အမည်ကိုမေး၍မှတ်တမ်း တင်စာရင်းရေးမှတ်ကြသည်။အထောက်အထား ထောက်ခံချက်လို၍သွားရောက်တောင်းခံသည့်အခါ လူအမည် နှင့်လွဲမှားနေသည်ကိုတွေ့ရပြီးရှာရဖွေရခက်ခဲ သည်များကိုတွေ့ခဲ့ရသည်။ထိုမျှသာမက မနည်းရှင်းယူရသည့်ဖြစ်စဉ်များကိုကိုယ်တွေ့ကြုံခဲ့ရဖူး သည်။ ထိုကြောင့်ရခိုင် တိုင်းရင်းသားများ၏အမည်နာမကိုရေးသွင်းရာတွင် သေချာအောင်ရေးသွင်း နိုင် ရန်အရေး ကြီးသည်။
ရခိုင်အမည်ပေးဓလေ့
ရခိုင်တိုင်းရင်းသားတို့၏အမည်ကိုအများအားဖြင့် စာလုံးသုံးလုံးဖြင့်ပေးလေ့ရှိသည်။နာမည်ရှေ့တွင် “ဦး ၊မောင် ၊ မ “ စသည်ဖြင့်ရှေ့မှထား၍မှည့်ခေါ်ခြင်းများရှိသလို အခြားစကားလုံးများဖြင့်မှည့်ခေါ်သောအမည် များလည်းရှိကြသည်။ ပုံစံအားဖြင့်ပြရလျှင် “မောင်ထွန်းမင်း၊ သိန်းရွှေမောင်၊ ဦးသာကျော်၊မောင်သာလှ၊ မောင် ဝေနု၊ ကျော်ထွန်းဝေ၊ သာထွီးအောင်၊ အထွီးဘုံ” စသည့်ယောက်ျာအမည်များဖြစ်ကြသည်။ အမျိုးသမီးအမည် များကိုလည်း” မအေးခင်၊သူဇာဝေ၊ လှတင်မေ ၊ ဦးငွေစိန်၊ ဦးတင်အေး ၊မမြဦး၊ မထွီးယဉ် ၊ဒါထွီးမေ” စသည် ဖြင့် အမည်ပေးလေ့ရှိကြသည်။ အမည်ကိုကြည့်၍ မည်သူသည်မိသားစု၏ သားဦး၊သမီးဦးဖြစ်သည်ကိုလည်းသိ နိုင်သည်။ အမည်တွင်” ဦး ၊ ေ၀ “စသည်များပါရှိပါက သားဦး၊သမီးဦး များဖြစ်ကြသည်။ သားထွေး၊သမီးထွေး များကိုမူ “ ထွီး” ဟုခေါ်ခြင်းဖြင့် အငယ်ဆုံး၊နောက်ဆုံးသားသမီးဖြစ်ကြောင်းသိသာနိုင်သည်။ထူးခြားချက်တစ်ခု မှာ သားဦး၊သမီး ဦးဖြစ်ပါလျက် ဖခင်ရောမိခင်ပါသားဦး၊ သမီးဦးများဖြစ်လျှင် မွေးလာသည့်သားဦး၊သမီးဦးတို့ ၏ အမည်တွင် “ဦး” အစား” ဝေ” ကိုအမည်တပ်ခြင်းဖြစ်သည်။ဖခင်(ဦး) မောင်လှဦး၊မိခင် (ဒေါ်)ဦးကျော့စိန်တို့မှ မွေးသော သားဦးသမီးဦးအမည်တွင်” ဦး”ကိုမသုံးဘဲ “ေ၀ “ အသုံးပြုရသည်။ “ဦး” နှင့်” ေ၀ “ ကို အမည်၏ ရှေ့မှ၊နောက်မှ ၊အလယ်မှ ဘယ်မှာပဲထား ထားရသည်။ ဥပမာ ဦးကျော်ထွန်း၊ ကျော်လှဦး၊ မောင်ဦးကျော်၊ ဝေသာအောင်၊ သာထွန်းေ၀ ၊ ကျော့ဝေစိန် စသည်။အမျိုးသမီးများတွင်လည်း ခိုင်နှင်းေ၀ ၊ ဝေေ၀သန်း၊ မြသိန်းေ၀ စသည်။

မြန်မာ့ယဉ်ကျေးမှုအရ လေးစားမှုပြုသောအားဖြင့် မိမိထက် ဂုဏ်သိက္ခာရှိသူ၊ အသက်ကြီးသူများကို “ ဦး” “ ဒေါ် “ တပ်၍ခေါ်ကြသလို အမည်စာရင်းရေးသွင်းရာတွင်လည်း “ ဦး” “ဒေါ်” တပ်၍ရေးသွင်းမှတ် သားလေ့ရှိကြ သည်။ဤသို့ခေါ်ဝေါ်ကြ၊ရေးသားကြခြင်းမှာ သာမန် အမည်များတွင် “ဦး” “ဒေါ်” တပ်၍ခေါ် ခြင်း၊ရေးမှတ်ခြင်း၌ ပြဿနာမရှိသော်လည်း “ ဦး “ “မောင်” “ မ “ တပ်၍မှည့်ခေါ်သောအမည်များတွင် “ ဦး” “ဒေါ်” တပ်မှည့်ခေါ်ခြင်း ကိုမူအလေးထားရန်လိုအပ်ပေသည်။ဥပမာအားဖြင့် သိန်းရွှေမောင်ကို ဦးသိန်းရွှေမောင်၊ ကျော်ထွန်းဝေကို ဦးကျော်ထွန်းေ၀ ၊သူဇာဝေကို ဒေါ်သူဇာဝေ၊လှတင်မေကို ဒေါ်လှတင်မေ ဟုရေးမှတ်လျှင်ပြ ဿနာမရှိပေ။သို့ရာတွင် မောင်ထွန်းမင်း အမည်တွင် မောင်ကိုဖြုတ်၍ ဦးထွန်းမင်း ဆိုလျှင်မှားသွားမည်။ဖြစ်ရ မည်မှာ ဦးမောင်ထွန်းမင်း ဟုရေးမှတ်ရမည်။ထို့အတူ မောင်သာလှ ကို ဦးမောင်သာလှ၊ ဦးသာကျော်ကို ဦးဦး သာကျော် ဟုရေးမှတ်ရမည်။ စာရေးသူတို့ရုံးတွင် ဦးကျော်သိန်း ဆိုသူတစ်ဦးနှင့်မောင်ကျော်သိန်းဆိုသူနှစ်ဦးရှိသည်။စာရေးသူထက်အသက်ကြီး ကြီးသဖြင့် ဦးတပ်၍ခေါ်လေ့ရှိသည်။စာရေးသူက ဦးကျော်သိန်းကိုခေါ်ခဲ့ကွာ ဟု ရုံးအကူအားခိုင်းလိုက်လျှင် ဦးကျော် သိန်းကိုခေါ်လိုခေါ်လာ၊မောင်ကျော်သိန်းကိုခေါ်လိုခေါ်လာနှင့်ဒုက္ခရောက် လေ့ရှိသည်။နောက်တော့ ဥနှစ်လုံးကျော် သိန်း၊ ဥတစ်လုံးကျော်သိန်း စသြည်ဖင်ခွဲပြောမှအဆင်ပြေသွားသည်။ အမျိုးသမီးအမည်များတွင်လည်း မအေးခင်ကို မ ဖြုတ်၍ ဒေါ်အေးခင်ဆို၍မရ။ဒေါ်မအေးခင်ဆိုမှမှန်သည်။ ဦး တင်အေးကို ဒေါ်တင်အေးခေါ်၍မရ။ဒေါ်ဦးတင်အေး ဟုခေါ်မှသာမှန်မည်။ထို့အတူ ဒေါ်မမြဦး၊ဒေါ်မထွီးယဉ် စ သည်ဖြင့်ခေါ်ကြရမည်။ ကိုဗစ်-၁၉ ရောဂါမှတ်တမ်းရေးသွင်း စဉ်က စာရေးသူ၏မိတ်ဆွေတစ်ဦး၏ဇနီးသည်မှာ မငွေနု ဖြစ်သော်လည်း အမည်ပေးရာတွင် မိမိကိုယ်မိမိဒေါ်ငွေနု ဟုစာရင်းပေးခဲ့သဖြင့် လင်ယောက်ျားခမျာ စာရင်း ရှာမတွေ့ဘဲဖြစ်ခဲ့ရသည်။

ချုပ်၍ပြောရလျှင် ရခိုင်အမည်စစ်စစ်များ၌ အမည်သုံးလုံးပါရှိတတ်ပြီး၊ယင်းတို့အနက်အမည်ရှေ့တွင် “ ဦး ၊ မောင် ၊မ “ စသည်များပါရှိနေပါ မဖြုတ်ပစ်မိစေရန်အလေးထားကြရန်လိုမည်။စာရေးသူုတို့ငယ်ငယ်ကစာ ရေးသူ၏ မိတ်ဆွေ ဦးထွန်းသာအား အထက်အရာရှိက ကိုထွန်းသာ ဟုခေါ်သဖြင့် မသွားဘဲ ပေကပ်ကပ်လုပ် နေသဖြင့်မနည်း ရှင်းယူခဲ့ဘူးသည်။ အထက်အရာရှိက သူ့ထက်လည်းရာထူးငယ်သူဖြစ်ခြင်း၊အသက်လည်းငယ် သူဖြစ်နေခြင်း ကြောင့်လေးစားသမှုပြုအပ်သော ဦးဖြင့်တပ်ခေါ်ရန်ဝန်လေးခဲ့ဟန်တူသည်။သို့ရာတွင် ရခိုင်လူမျိုး တို့၏အမည်ပေး ခြင်းဓလေ့ကိုနားလည်ခြင်းမရှိခဲ့။ ဟုတ်ပေသားပဲ။သူနာမည်က ကိုဦးထွန်းသာ ဟုခေါ်ရမည်ဖြစ် ပေသည်။ ထိုကြောင့် ရခိုင် အမည်နာမ များကိုသာမက အခြားသောတိုင်းရင်းသားလူမျိုးများ၏အမည်နာမများ ကိုရေးသား၊မှည့်ခေါ်ရာတွင် ပြဿနာမဖြစ်ရအောင် အမည်ပေးဓလေ့များကိုနား လည်ထား ကြရန်လိုအပ်ပေသည်။ လူမျိုးတို့၏ အမည်နာမကို မှန်ကန်စွာရေးသွင်းခြင်းမှာ သက်ဆိုင်ရာ လူမျိုး များ၏ဓလေ့ တစ်ခု၊ယဉ် ကျေးမှု တစ်ရပ်ကိုအလေးထားလေးစား အသိအမှတ်ပြုခြင်းပင်ကြောင်းရေးသားရပေသည်။ ကျွန်းသားငမန်း