မိန်ရာသီပြောင်း ၊ လတပေါင်းလျှင်
လွမ်းဖွယ်ပင်။
ပျော်ရွှင်လူ့ရပ်မြီ ၊ သဲသောင်ခြီတွင်
ညီညာစုရုံးကြ၏။
သဲအတိပြီးစီးရာ
သဒ္ဒါကြည်ဖြူ ၊ဆောက်တည်လှူသည်
ဆူဆူဘုရား များစွာတည့်၊
ကုက္ကားတံခွန် ၊ ပန်းမာလ် ဆီမီး
သစ်သီး၊ထီး ကိုတင်လျက် ၊
ဝတ်မပျက် ညွှတ်ပူဇော်
ရွှင်ပျော်ဝမ်းမြောက် ၊သျှစ်သောင်းမြှောက်သည်
အံ့လောက်ဖွယ်ရာ ပွဲတည့်လေ။ ။
မောင်ကောက်စံ (ရခိုင်ပြည်)
မိန်ရာသီပြောင်း၊လတပေါင်းကား၊ဆောင်းနှင်းငွေ့တိုမပြယ်တတ်သေး။ဆောင်းအကုန်နွေဦးရာသီအဝင်ကာလဖြစ်သည်။ရွှေဝါရောင်လွင်၊ဝါရွက်ကျင်တို၊မြေတွင်ကြဲပြန့်၊လွန့်လွန့်လူးကာ၊လေနှင်ရာသို၊ဝေ့ကာဝိုက်ကာ၊လွင့်ပါးပါသွားကြသည့်မြင်ကွင်းများ။ရွက်သစ်ပျိုမြစ်၊ဖူးပရစ်တို၊အားသစ်ဝေဆာ၊ရိုးတန်ညှာတွင်၊တွယ်ကာနွဲနွဲ၊စိမ်းလဲ့လဲ့ဖြင့်၊ဝင့်ထယ်ကြွားကြွားမြင်ကွင်းများကလည်းစိတ်ကိုကြည်နူးစေပြန်သည်။တောတောင်တိုရှိသစ်ပင်ခြုံနွယ်များ၏သစ်ပင်၊သစ်ရွက်များမှာလည်းအစိမ်းရင့်ရင့်၊အစိမ်းနုနုတိုဖြင့်မတူကွဲပြားသောမြင်ကွင်းများကိုတွေ့မြင်ရ သည်မှာလည်းသဘာဝပန်းချီကားချပ်တစ်ချပ် ကိုကြည့်မြင်ရသည်သိုရှိသည်။ဥသြငှက်ငယ်တို၏မြည်ကြွေးသံကလည်းအလှပန်းချီကားချပ်၏နောက်ခံတေးဂီတသံပင်ဖြစ်သည်။မြင်ကွင်းများကိုကြည့်မြင်ရပြီးငုပ်လျှိးနေသောကဗျာဝိဉာဉ်ကရင်တွင်းသိုစီးဝင်လာသည်။တပေါင်းမင်းလွင်၊ ရွက်ကျင်တောင်လီမြူးက၊စိတ်ကြည်နူး ကြည့်လီရာ၊ဝန်းကျင် ပြာရီမှုမှိင်းမှိင်းနန့် ၊ပင် တိုင်းမှာရွက်ညှာကြွီ၊ ရွက်ညွန့်နုသစ် ၊ဖူးပရစ်ရို၊ရွက်သစ်ဝီဝီစည်၏။လရာ သီမိန်အကူး၊ဥသြချေတွန်သံ ကျူးက၊ကြည်နူးစိတ်ယိုဖိတ်လာ၊တပေါင်းနွီချိန်ခါဆန်းတည့်လေ။
ရင်တွင်း၌ဖြစ်တည်လာသောကဗျာဖြစ်ပါ၏။
တပေါင်းလသည်နေ့တာရှည်ကာ၊ညတာတိုသောလဖြစ်သည်။ပဂ္ဂုဏ(ခ)ဥဏ္ဏရဘရုဏ္ဏိနက္ခတ်နှင့်စန်းယှဉ်ပြီးပြုဗ္ဗာဘဒြပိုဒ်နက္ခတ်နှင့်နေမင်းတိုယှဉ်ကာဆံကျင်တာရာထွန်းပသောလဖြစ်သည်။ရာသီရုပ်မှာငါးနှစ်ကောင်ရေကူးနေပုံဖြစ်သည်။တပေါင်းလတွင်တောင်သူလယ်သမားတိုလယ်ယာလုပ်ငန်းခွင်မှကောက်ပဲသီးနှံများကိုရိတ်သိမ်းပြီးချိန်၊သိမ်းဆည်းသိုလှောင်ပြီးချိန်လည်းဖြစ်သည်။အပူအအေးမျှတကာ ခရီးသွားလာ၍ ကောင်းသောရာသီချိန်လည်းဖြစ်သည်။

ရည်မှန်းပူဇော်သဲပုံစေတီတော်
ဤကာလတွင်အစဉ်အဆက်အားဖြင့်သဲပုံစေတီပွဲတော်များကျင်းပရိုးရှိကြသည်။မြစ်ကြောင်းများမှာရေနည်းပါးလာချိန်ဖြစ်သဖြင့်သဲသောင်များပေါ်ထွန်းလာတတ်သောကာလလည်းဖြစ်သည်။ရှေးရှေးယခင်ကမင်း၊မိဖုရားနှစ်ပါးတိုသည်သဲသောင်ပြင်သိုထွက်ခွာ၍သဲသောင်ပြင်တွင်မြတ်စွာဘုရားရှင်အားရည်မှန်း၍သဲပုံစေတီများတည်ထားပူဇော်လေ့ရှိကြသည်။တပေါင်းလပြည့်နေ့တွင်မြစ်ပြင်၊ပင်လယ်ကမ်းစပ်သဲသောင်ခုံများတွင်သဲများကိုစုပုံပြီးတကယ့်စေတီအလားတည်ကြကာတံခွန်၊ကုက္ကား၊ပန်း၊ဆီမီးများဖြင့်တည်၍ပူဇော်လေ့ရှိခဲ့ကြသည်။မင်း၊မိဖုရားများသာမကနေပြည်တော်သူနေပြည်တော်သားများသည်လည်းတပျော်တပါးစုစုစည်းစည်းဖြင့်စုပေါင်းထည်ထားကိုးကွယ်ကြသည်မှာမြန်မာ့ရိုးရာဘာသာရေးအစဉ်အလာတစ်ခုလည်းဖြစ်သည်။သဲပုံစေတီပွဲတော်မှာမြန်မာလူမျိုးတို၏ဆယ့်နှစ်ရာသီဝင် ပွဲလန်းသဘင်တစ်ခုလည်း ဖြစ်သည်။
သဲပုံစေတီတည်ထားပူဇော်ခြင်းနှင့်ပတ်သက်၍ အပါဒါန်ပါဠိတော် ပုလိနုပ္ပာတကာ မထေရ်ကပဒါန်တွင် ရှေးလွန်လေပြီးသောကမ္ဘာတစ်သိန်းကာလ ဒေဝလမည်သောရဟန်းတစ်ပါးက သဲစေတီတည်၍ ပန်းအမျိုးမျိုး တိုဖြင့်ပူဇော်ခဲ့သောအကျိုးကြောင့် နောက်ဆုံးဘဝတွင်ဂေါတမမြတ်စွာဘုရားရှင်ကို ကိုယ်တော်တိုင် ဖူးတွေ့ရ ပြီး ရဟန္တာအဖြစ်ရောက်ရှိခဲ့ကြောင်းကိုလည်းကောင်း၊ မုလိနတူပိယမထေရ် အပဒါန်၌လည်း အမရိကမြစ်ငယ်၌ သဲပုံစေတီတစ်ဆူတည်ပြီး ပူဇော်ခြင်းစသည်များကိုဖော်ပြထား လေရာသဲပုံစေတီတည်ထားကိုးကွယ်ခြင်းပြုကြသည်မှာအလွန်ရှေးကျကြောင်း ရှေးစာပေကျမ်း ဂန်အထောက်အထားများအရ သိရှိရသည်။တပေါင်းလတွင်သဲပုံစေတီတည်ထားပူဇော်ကန်တော့ခြင်းနှင့်ပတ်သက်၍ အင်းဝမြိုဘွဲ ဆယ့်နှစ်ရာသီ လူတားတွင်-“တပေါင်းလသာ၊လတကာထက်၊နှိင်းရာဖက်ရှောင်၊လများနောင်ကား၊ တောင်လည်း သာမော၊တောလည်းသာထွေ၊ရေလည်းသာလှ၊ဖြူလွသောင်ပြင်၊ငှက်ပေါင်းရွှင်လျက်၊သဘင်အပြီ၊သဲစေတီဟုမြှောက်ချီရွှင်ပ၊ပူဇော်ကြမှ၊ပြည်ပပြည်တွင်း၊ဖြောင့်စင်းရည်စောင်၊ဆီမီးထောင်နှင့်၊ထွန်းပြောင်ညီရုံး၊ပန်းလျှင်ကုံးသို၊နှလုံးသဒ္ဓါ၊ရတနာသုံးဖော်၊ဖူးမြှော်ကုန်ကြ၊လွန်ရွှင်ပြရှင့်”ဟုဖွဲဆိုထားသည်တွေ့ရသည်။ရခိုင်တိုင်းရင်းသားများတွင်လည်းတပေါင်းလပြည့်နေ့အခါသမယတွင်သဲဖြင့်စေတီများတည်ကာဘု ရားရှင်အားရည်မှန်းပူဇော်ကုသိုလ်ယူလေ့ရှိကြသည်။မြောက်ဦးခေတ်တွင်ထင်ရှားခဲ့သောပညာရှိသုခမိန်မဟာပညာကျော်(၁၄၈၈-၁၅၉၉)ကများလှအညီ၊သဲစေတီကို၊မြောက်ချီရွှင်ပြ၊လှူဒါန်းကြရှင့်ဟုစပ်ဆိုခဲ့ သည်ကိုတွေ့ရသည်။ဤစာဆိုအရသဲစေတီတည် ထားပူဇော်ခြင်းကိုမြောက်ဦးခေတ်(သိုမဟုတ်)ယင်း မတိုင်မီကပင်အလေးအမြတ်ထားကျင်းပလေ့ရှိကြောင်းလည်းမှတ်ယူသော်ရနိုင်ကောင်းသည်။ထိုအပြင်၊သဲပုံစေတီတည်ထားခြင်းမှာမြတ်စွာဘုရား၏ဓမ္မခန္ဓာရှစ်သောင်းလေးထောင်တို၏ဂုဏ်တော်များကိုပူဇော်ခြင်းလည်းဖြစ်ရာ၊သဲသောင်ပြင်တွင်လူအများစုပေါင်းပြီးသဲပုံစေတီအကြီး၊အသေးများကိုတည်ထားပူဇော်ကြခြင်းဖြစ်သည်။ရခိုင်တိုက ဤသိုသဲပုံစေတီတည် ထားပူဇော်ခြင်းကို သျှစ်သောင်းမြှောက်ပွဲဟုခေါ်ကြသည်။သျှစ်သောင်းမြှောက်ပွဲကျင်းပ ပူဇော်ခြင်းနှင့်ပတ်သက်၍ရ ခိုင်သာခြင်းစာဆိုကင်းဆရာက လဝါတပေါင်း၊ခါချိန်ပြောင်းလည်း၊ညီလောင်းပွင့်သော်၊ဖူးအံ့မျှော်လျက်၊ မြစ်မော်သီတာ၊သဲပြင်သာထက်၊အံ့အာစလောက်၊သျှစ်သောင်းမြှောက်၍၊စိုက်ဆောက်တင်းခွန်၊မန်းမာလ်နီဖြူ၊မြစ်လုံးဆူမျှ၊ ဇမ္ဗူမိုးပြင်၊ပြိုကျင်ခမန်း၊ပီးလှူဒါန်း၏ဟုစပ်ဆိုခဲ့သည်ကိုတွေ့ရသည်။ သျှစ်သောင်းမြှောက်ပွဲမှာတစ်ဦးကောင်း၊တစ်ယောက်ကောင်းတည်ထားခြင်းမဟုတ်သလို၊တစ်ဆူတည်းတည်ထားခြင်းမျိုးလည်းမဟုတ်ဘဲ၊ကိုယ်သန်ရာ၊သန်ရာစေတီပုထိုးများကိုနိုင်သလောက်တည်ထားကုသိုလ်ယူကြခြင်းလည်းဖြစ်သည်။တပေါင်းရာသီရေခန်းချိန်ကာလပေါ်ထွန်းလာသောသဲသောင်မြေနု ပေါ်တွင်အတ္တမာန်မာနကင်းကင်းဖြင့်မြတ်စွာဘုရားရှင်အားရည်မှန်း၍တည်ထားပူဇော်ကုသိုလ်ယူကြခြင်းလည်းဖြစ်သည်။မိမိတို၏လုပ်အားဖြင့်တတ်နိုင်သလောက်စေတီတည်၍ပူဇော်ရခြင်းအကျိုးကြောင့် နောင်ပွင့်လာမည့်အရိမိတ္တေယျဘုရားရှင်အားဖူးတွေ့ရကာအမြိုက်နိဗ္ဗာန်ရောက်နိုင်သည်ဟုယုံကြည်သဒ္ဒါထားကြခြင်းလည်းဖြစ်သည်။

စစ်တွေမြိုနှင့်သျှစ်သောင်းမြှောက်(သဲပုံစေတီတည်)ပွဲတော်
ရခိုင်ပြည်သူများအနေဖြင့်ချစ်မြတ်နိုးသောယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာများရှိခဲ့သည်။အလေးထားရမည့်ဒြပ်မဲ့ယဉ်ကျေးမှုများရှိခဲ့သော်လည်းထိန်းသိမ်းရကောင်းမှန်းမသိကြ။သိုဖြင့်သဲပုံစေတီပူဇော်ခြင်းယဉ်ကျေးမှုလည်းပျောက်ကွယ်လုနီးပါးဖြစ်ခဲ့သည်။သိုဖြင့်ရခိုင်သျှစ်သောင်းမြှောက်ပွဲ(သဲပုံစေတီပွဲ)ကို၂၀၀၅ခုနှစ်မှစတင်၍အသက်သွင်းဖော်ထုတ်ခဲ့ကြသည်။တပေါင်းလပြည့်နေ့တွင်စစ်တွေမြိုပွိင့်ပင်လယ်ကမ်းခြေသဲသောင်ပြင်တွင်ပြန်လည်ဖော်ထုတ်ခဲ့ရာမှလူသိများလာပြီးတပေါင်းလပြည့်နေ့ရောက်တိုင်းစစ်တွေမြိုအပါအဝင်ပုဏ္ဏားကျွန်း၊ရသေ့တောင်နယ်များမှပါလာရောက်ကြကာအစုအဖွဲများဖြင့်သဲပုံစေတီငယ်များတည်ထားပူဇော်ကြသည်မှာပွဲငယ်တစ်ခုအလားစည်ကားလှသည်။မြစ်မော်သီတာ၊သဲသောင်သာထက်၊အံ့အာစလောက်၊သျှစ်သောင်းမြှောက်၍၊စိုက်ဆောက်တင်းခွန်၊ပန်းမာလ်နီဖြူ၊မြစ်လုံးဆူမျှ၊ဇမ္ဗူမိုးပြင်၊ပြိုကျင်ခမန်း၊ပီးလှူဒါန်းနေကြသည်မှာလည်း အံ့သြလောက်စရာမြင်ကွင်းများ ပင်ဖြစ်သည်။
စစ်တွေပွှင့်ကမ်းခြေတွင်တည်ထားပူဇော်ကြသည့်စေတီ၊ပုထိုးများမှာအရွယ်အစားအမျိုးမျိုးရှိတတ်ကြသည်။သက်ကြီးလူလတ်ပိုင်းများကထုထည်ကြီးကြီးအမြင့်၂ပေ၊၃ပေခန့်ထိရှိပုထိုးစေတီပုံစံများ(မြောက်ဦးဒုက္ကန်သိမ်ပုံတော်၊စစ်တွေလောကာနန္ဒာစေတီတော်ပုံတော်၊ထိုင်တော်မူဆင်းတုတော်)ပုံများကိုအနုပညာလက်ရာမြောက်စွာတည်ထားပူဇော်ကြသည်။ဆယ်ကျော်သက်ရွယ်လူငယ်များကလည်းအားကျမခံမိမိနိုင်သလိုအရွယ်ပုံစံများဖြင့်တည်ထားကြကာထီး၊ကုက္ကား၊တံခွန်၊ပန်းများဖြင်ပူဇော်လေ့ရှိကြသည်မှာသဲသောင်ပြင်တွင် ဖွေးဖွေးလှုပ်မျှဖြစ်သည်။
တပေါင်းလပြည့်နေ့တွင်စစ်တွေကမ်းခြေပင်လယ်ဒီရေကျချိန်မှာနေ့လည်၁၂ နာရီခန့်တွင်ဖြစ်ပြီး မွန်းလွဲ၁နာရီခန့်မှစတင်ကာ လူအများလာရောက်၍သဲပုံစေတီများတည်ထားပူဇော်ကြခြင်းဖြင့် တပေါင်းလပြည့်သဲပုံစေတီပွဲတော်ကိုညနေ၅နာရီခန့်တွင်အဆုံးသတ်လေ့ရှိကြသည်။ပင်လယ်သဲဖြင့်ထုဆစ်ပူဇော်ထားကြသည့်အမျိုး မျိုးသောစေတီပုထိုး၊ဆင်းတုတော်မျိုးစုံတိုကိုဖူးတွေ့ ရသည်မှာစိတ် ဝင်စားဖွယ်၊ ကြည်ညိုဖွယ်ရာလည်းဖြစ်သည်။ညနေ၆ နာရီရေပြန်တက် လာတော့ တပေါင်းလပြည့်ည၏ လထွက်ချိန်နှင့်အတူ လူအများတိုတည်ဆောက်လှူဒါန်းထားကြသည့် အဆူ ဆူသောသဲစေတီငယ်များအားဖြားရေ(ဒီရေ)က ဦးခိုက်လာသည်။ရိုက်ခတ်လာသောလှိင်းလုံး ကလေးများ၏လှိုင်းခေါင်းဖြူဖြူများကပန်းဖြူဖြူများကိုသယ်ဆောင်လာကာ သဲပုံစေတီငယ်များအား ဦးခိုက်နေသည့် အလားမြင်တွေ့ခံစားကြရသည်။
နေဝင်ရီသရောရှိခဲ့ပြီ။အမှောင်နှင့်အလင်းတိုအားပြိုင်ချိန်လည်းဖြစ်သည်။စာရေးသူကတော့တပေါင်းလပြည့်နေညနေခင်းမြင်ကွင်းမှာအမှောင်တိုဖုံးအုပ်လာသော်လည်းလမင်း၏အလင်းကအမှောင်ကိုဖြိုခွင်းပေးနေသည်ကိုမြင်တွေ့ရသည်။လမင်း၏အလင်းကအေးမြနေသည်။စာရေးသူသည်ပင်လယ်ပြင်မှတိုက်ခတ်လာသောလေပြေလေအေးကိုတဝကြီးရှူရှိက်ဖြစ်မိသည်။ရှင်းသန့်သောလေအေးအေးကြောင့်စိတ်နှလုံးတိုကြည်လင်အေး မြဖြစ်နေမိသည်။
တပေါင်းလပြည့်နေ့အခါသမယတွင်စစ်တွေကမ်းခြေသိုလာရောက်၍သဲပုံစေတီတည်ထားပူဇော်ကြသူများတွင်ကုသိုလ်စိတ်များထုံမွှမ်းနေကြမည်ဖြစ်သည်။လောဘ၊ဒေါသ၊မာန်မာနတိုကင်းစင်ကာမေတ္တာစိတ်ဓာတ်တိုလွှမ်းမိုးရှိနေကြမည်။စာရေးသူသည်ပင်သဲသောင်ပြင်မှာတည်ထားရှိနေကြသသည့်သဲပုံစေတီငယ်များကိုကြည့်ကာကုသိုလ်စိတ်ဖြင့်ကြည်နူးနေမိသည်။မေတ္တာတရားဖြင့်ထုံမွှမ်းထားအပ်သောစိတ်စေတနာများသည်အပြောကျယ်လှသောဘင်္ဂလားပင်လယ်အော်မှတစ်ဆင့်ကမ္ဘာအနှံဆီသို ဖြန့်ကြက်ရောက်ရှိသွားမည်ဟု ယုံကြည်သဒ္ဒါစိတ်တိုဖြစ်ပေါ်နေမိသည်။