ဗုဒ္ဓဘာသာဝင်တို့အတွက်ဝါတွင်းသုံးလကာလဖြစ်သောဝါဆိုလပြည့်နေ့မှသီတင်းကျွတ်လပြည့်နေ့ ထိကာလသည်အလေးအမြတ်ပြုရာကာလဖြစ်သည်။အထူးသဖြင့်ဝါဆိုလသည်ထူးမြတ်သောလတစ်လဖြစ်သည်။ဝါဆိုလကို“သန္ဓေ၊တောထွက်၊ဓမ္မစက်၊တစ်ချက်ပြဋိဟာ“ ဟုဗုဒ္ဓသမိုင်းတွင်မှတတမ်းတင်ရေးထိုးထားသည်။ ဝါဆိုလပြည့်နေ့၏ထူးခြားချက်လေးရပ်တို့သည်ကားဝါဆိုလပြည့်နေ့တွင်ဂေါတမဘုရားရှင်အလောင်းတော် သည်တုဿိတာနတ်ပြည်မှဆင်းသက်ပဋိသန္ဓေတည်နေတော်မူခြင်း၊သူအို၊သူနာ၊သူသေ၊ရဟန်းဟူသောနိမိတ်ကြီးလေးပါးကိုတွေ့မြင်တော်မူရာမှသံဝေဂဖြစ်ကာတောထွက်တော်မူခြင်း၊ဓမ္မစကြာတရားတော်မြတ်အားပဉ္စဝဂ္ဂီငါးဦးတို့အားတရားဦးဟောတောမူခြင်းထူးခြားထင်ရှားဖြစ်ရပ်များဖြစ်သည်။ထို့အပြင် ဝါဆိုလပြည့်နေ့သည်ဘုရား အဖြစ်ကိုဖွင့်ဟဝန်ခံတော် မူခြင်း၊တရားရတနာစတင်ပေါ်ပေါက်လာခြင်း၊သံဃာရတနာပေါ်ပေါက်လာခြင်း စသည့်နေ့ထူးနေ့မြတ်လည်းဖြစ်ပေသည်။ထိုမှတဝဧဟိဘက္ခုဟူသည့်စကားမြတ်ကိုမြွက်ကြားရုံဖြင့်ရဟန်းတော်များကိုဖြစ်ပေါ်စေသည့်နေ့လည်းဖြစ်သည်။ဤသည့်အချက်များကိုအကြောင်းပြု၍ဗုဒ္ဓဘာသာဝင်များသည်ဝါဆိုလပြည့်နေ့တွင်ဘုရားကျောင်းကန်များသို့သွားရောက်ကြကာဥပုသ်သီလများဆောက်တည်ခြင်း၊ဓမ္မစကြာတရားတော်မြတ်များကိုရွတ်ဖတ်ပူ ဇော်ခြင်းစသည့်ကောင်းမှုကုသိုလ်များကိုပြုလုပ်လေ့ရှိကြသည်။

ရဟန်းတော်များဝါဆို ဝါကပ်ခြင်း
ဗုဒ္ဓဘာသာဝင်ရဟန်းတော်များသည်ဝါဆိုလပြည့်နေ့မှသီတင်းကျွတ်လပြည့်နေ့ထိဝါတွင်း ၃ လတိုင် တိုင်တစ်နေရာတည်းတွင်နေထိုင်သီတင်းသုံးကြရကာမည်သည့်နေရာ၊မည်သည့်ဒေသများသို့မျှကြွရောက်သီ တင်းသုံးခြင်းမပြုကြရပေ။ဤသို့ဖြစ်ရသည့်အကြောင်းရင်းမှာ ဗုဒ္ဓဝါဒ၊ဗုဒ္ဓသာသနာ၊ဗုဒ္ဓဘုရားရှင်လက်ထက်အစ ဦးပိုင်းကာလ၌ဘုရားသားတော်ရဟန်းတော်များသည်ဝါဆိုဝါကပ်ခြင်းမပြုကြရဘဲဆောင်း၊နွေ၊မိုးသုံးဦးလုံးမှာပင် အချိန်ကာလမရွေံးမိမိတို့အလိုရှိရာသို့သွားလာနေထိုင်နိုင်ကြသည်။ယင်းသို့ရာသီမရွေးသွားချင်သလိုသွားလာ နေကြရာ ယခုလိုမိုးတွင်းကာလတွင် အားယူနိုးထရှင်သန်စပြုလာသည့်မြက်ပင်၊သစ်ပင်များပျက်စီးခြင်း၊ ပိုးမွှား ငယ်များကိုနင်းမိ၍သေကြေရခြင်း၊လူအများတို့စိုက်ပျိုးရာကောက်ပင်၊သီးနှံပင်များပျက်စီးရခြင်းတို့ဖြစ်လေရာ ညှဉ်းဆဲခြင်း၊ဖျက်ဆီးခြင်းကဲ့သို့ဖြစ်ရလေသည်။မိုးရာသီအချိန်တွင်သာသနာတော်မှအပဖြစ်သည့်တိတ္ထိတို့သည် ပင်မိုးလအတွင်းတစ်နေရာတည်း၌နေကြသည်။ကျေးငှက်တိရစ္ဆာန်တို့သည်လည်းသစ်ပင်များတွင်အသိုက်အအုံ ဖွဲ့ကာနေကြသေးသည်။သို့ရာတွင်ဗုဒ္ဓသားတော်များဖြစ်သည့်ရဟန်းတော်တို့ကားတစ်နေရာတည်း၌မနေ၊တစ် နေရာမှတစ်နေရာသို့သွားလာဒေသစာရီကြွချီကြသဖြင့်မြက်ပင်သစ်ပင်များ၊ကောက်ပဲသီးနှံပင်များပျက်စီးခြင်း၊ပိုး ငယ်မွှားငယ်များသေကြေခြင်းတို့တွေ့မြင်ကြရသည်ဟုလူတို့၏ပြစ်တင်ကဲ့ရဲ့သဂြုဟ်စကားတင်းဆိုကြသည်။
ဤသို့လူတို့ကဲ့ရဲ့ကြသည်ကိုရာဇဂြိုဟ်တွင်သီတင်းသုံးနေစဉ်ကာလကြားသိတော်မူသဖြင့်ရဟန်းတို့အား ဝါဆို၊ဝါကပ်ခြင်းဖြစ်သောဝါတွင်းသုံးလပတ်လုံးတစ်နေရာတည်း၌ကိန်းဝပ်နေထိုင်သီတင်းသုံးနေထိုင်စေရမည် ဟူသောပညတ်ချက်ကိုပြုလုပ်တော်မူခဲ့ခြင်းဖြစ်သည်။ထိုအခါမှစဗုဒ္ဓဘာသာဝင်ရဟန်းတော်တို့သည်ဝါတွင်းသုံး လ၌အရပ်တစ်ပါးသို့အကြောင်းမဲ့ညအိပ်ညနေသွားလာခြင်းမပြုကြရဘဲ တစ်နေရာတည်းတွင်ဝါကပ်၍နေကြရ ခြင်းဖြစ်သည်။ဤသို့တစ်နေရာတည်းတွင်ဝါဆိုဝါကပ်နေကြသောရဟန်းတော်တို့သည်အကြွင်းမဲ့နေထိုင်သီတင်း သုံးကြခြင်းမပြုပဲ မိမိတို့အားသန်ရာ ပဋိပတ်၊ပရိယတ် စသည်များကိုကြိုးစားအားထုတ်ကျင့်ကြံကြသလိုပဋိဝေဒ သာသနာတော်ကိုလည်းပြန့်ပွားအောင် မိမိတို့အားဆွမ်းကွမ်းကျောင်းဆေး စသည့် ပစ္စည်းလေးပါးဖြင့်ထောက်ပံ့ လှူဒါန်းနေကြသည့်ဒါယကာ၊ဒါယိကာမများအားတရားဟောခြင်း၊တရားပြခြင်းစသည့်ဖြင့်ဘုရားသာသနာတော် ၏အဆုံးအမများကိုဟောပြောသွန်သင်ဆုံးမနေထိုင်သီတင်းသုံးနေကြခြင်းဖြစ်သည်။ထိုကြောင့် ဤဝါတွင်းကာ လသည် ဆရာတကာ အများဆုံး၊အနီးကပ်ဆုံးထိတွေ့ဆက်ဆံရသောကာလလည်းဖြစ်သည်။

ဆရာတကာဆက်ဆံရေး
ဝါဆိုလပြည့်အခါသမယမှစတင်ပေါ်ပေါက်ခဲ့သောဘုရားရတနာ၊တရားရတနာ၊သံဃာရတနာသုံးပါးအနက် ဘုရားရှင်ပရိနိမ္ဗာန်ပြုပြီးသည်နောက်ဗုဒ္ဓဘာသာဝင်များအဖို့အလေးအနက်ထားကျင့်ကြံအားထုတ်ရာတရား ရတနာများကိုဟောကြားပြသနေကြသည့်ပုဂ္ဂိုလ်များမှာသံဃာရတနာများပင်ဖြစ်ကြသည်။ထိုကြောင့်သံဃာတော်များကာ လူအများကိုးကွယ်ဆည်းကပ်ရာဂုဏ်တော်ကိုးပါးနှင့်ပြည့်စုံသောအရှင်သူမြတ်များလည်းဖြစ်ကြသ သည်။သံဃာဂုဏ်တော်ကိုးပါးအားမြန်မာဘာသာဖြင့်အဓိပ္ပာယ်ဖွင့်ဆိုရလျှင်ကိလေသာငြိမ်းကြောင်းကောင်းစွာ ကျင့်ကြံတော်မူခြင်း၊နိမ္ဗာန်အကျိုးကိုမျှော်ကိုးရည်သန်၍ကျင့်ကြံတော်မူခြင်း၊ဖြောင့်မတ်မှန်ကန်စွာကျင့်ကြံနေထိုင် တော်မူခြင်း၊မဂ္ဂင်ရှစ်ရပ်အကျိုးမြတ်ကိုရိုသေလေးစားပူဇော်ထိုက်ဖွယ်ကျင့်ကြံတော်မူခြင်း စသည့်ဂုဏ်တော် များပင်ဖြစ်သည်။
ဗုဒ္ဓဘုရားရှင်၏သားတော်သံဃာတော်အရှင်မြတ်များကားမြတ်စွာဘုရားရှင်ပရိနိမ္ဗာန်ပြုပြီးနောက်ဗုဒ္ဓမြွက်ကြားတရားတော်မြတ်များကိုဆင့်ပွားလက်ခံကာကျင့်ကြံအားထုတ်ခြင်း၊တပည်သားဒါယကာ၊ဒါယိကာမများ တို့အားလည်းသွန်သင်ညွှန်ပြသင်ကြားပြလမ်းညွှန်မှုပေးနေသည့်ပုဂ္ဂိုလ်များဖြစ်ကြပေရာ သံဃာတော်အရှင်မြတ်များသည်လူဒါယကာ၊ဒါယိကာမများနှင့်အများဆုံးထိတွေ့ဆက်ဆံနေကြရသည့်ပုဂ္ဂိုလ်များလည်းဖြစ်ကြသည်။ထိုသို့ထိတွေ့ဆက်ဆံရာတွင်ရဟန်းတော်များနှင့်လူဒါယကာ၊ဒါယိကာများအဖို့နှစ်ဦးနှစ်ဝတာဝန်ကိုယ်စီရှိဲကြ ပေသည်။ဤသည်နှင့်ပတ်သက်၍မြတ်စွာဘုရားရှင်က သိင်္ဂါလောဝါဒသုတ်တွင်လူဒါယကာ၊ဒါယိကာများဖက်မှ လိုက်နာရမည့်ကျင့်ဝတ်ငါးပါးနှင့်ရဟန်းသံဃာတော်များဖက်မှလိုက်နာရမည့်ကျင့်ဝတ်ခြောက်ပါးတို့ကိုဟော ကြားတော်မူခဲ့လေသည်။
လူဒါယကာ၊ဒါယိကာများဘက်မှလိုက်နာမည့်ကျင့်ဝန်ငါးပါးမှာ(၁) မေတ္တာဖြင့်ယှဉ်သောကာယကံဖြင့် ဆက်ဆံခြင်း၊(၂) မေတ္တာဖြင့်ယှဉ်သောဝစီကံဖြင့်ဆက်ဆံခြင်း၊(၃) မေတ္တာဖြင့်ယှဉ်သောမနောကံဖြင့်ဆက်ဆံခြင်း၊(၄) လိုအပ်သမျှအလှူခံကြရန်ဖိတ်ကြားထားခြင်းနှင့်(၅)လိုအပ်သမျှလှူဒါန်းခြင်းများပင်ဖြစ်သည်။ရဟန်းသံဃာများဘက်မှလိုက်နာရမည့်ကျင့်ဝန်ခြောက်ပါးတို့မှာ(၁) မကောင်းမှုကိုတားဖြစ်ခြင်း၊(၂) ကောင်းမှုပြုရန်တိုက်တွန်းခြင်း၊(၃)သနားကြင်နာစိတ်စေတနာထားခြင်း၊(၄)မကြားဘူးသောတရားထူးများဟော ခြင်း။(၅)ကြားဖူးသောတရားများကိုအနက်အဓိပ္ပာယ်ကျေညက်အောင်ဟောပြောခြင်းနှင့်(၆)နတ်ပြည်ရောက် ကြောင်းနည်းလမ်းကောင်းများဟောကြားခြင်းများဖြစ်ကြသည်။ဆိုရလျှင် ဒါယကာ၊ဒါယိကာများဖက်မှတတ်အား သရွေ့လှူဒါန်းကြပြီး ရဟန်းသံဃာတော်များကတရားပြသဆုံးမရန်ရန်ပင်ဖြစ်သည်။
မြန်မာနိုင်ငံတွင်ဘုရားရှင်၏ဒအဆုံးအမများနှင့်အညီဆရာတကာဆက်ဆံရေးမှာသမမျှတအောင်ထူထောင်ထားနိုင်သဖြင့်ဗုဒ္ဓသာသနာရောင်ဝါထွန်းလင်းနေသည်ဖြစ်ပေသည်။ဝါတွင်းသုံးလကာလပတ်လုံးလည်း တရားဓမ္မသံများဖြင့် မြန်မာနိုင်ငံအနှံဝေစည်နေသည့်အပြင် ဘုရားကျောင်းကန်များ၌ ဝါဆိုသင်္ကန်းဆက်ကပ်လှူ ဒါန်းခြင်း၊ဆွမ်းကွမ်းအလှူဒါနများပြုလုပ်ခြင်းတို့ဖြင်စည်ကားနေသည်ကိုတွေ့ရသည်မှာ ဗုဒ္ဓသာသနာအဖို့အားရ စရာပင်ဖြစ်ကြောင်း မုဒိတာပွားရေးသားလိုက်ရပေသည်။