ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည် ၁၇ နိုင်ငံမြောက် ရေငန်ငါးအများဆုံး ဖမ်းဆီးထုတ်လုပ်သည့် နိုင်ငံဖြစ်ကြောင်း သိရ ပါ၏။ မြန်မာနိုင်ငံ၏ ငါးလုပ်ငန်းကဏ္ဍသည် နိုင်ငံ၏စီးပွားရေးနှင့် အမျိုးသားအစားအစာ လုံခြုံရေးအတွက် အရေးကြီးသည့် အ ခန်းကဏ္ဍတွင် ပါ၀င်နေကြောင်းဖြင့်လည်း ဆို၏။ငါးလုပ်ငန်းကဏ္ဍသည် အကြမ်းအား ဖြင့် မြန်မာနိုင်ငံ၏ စုစုပေါင်း ပြည်တွင်း အသားတင် ထုတ်ကုန်၏ ၂ ရာခိုင်နှုန်း(ဂျီဒီပီ)၊တိရစ္ဆာန်ပရိုတင်းသုံးစွဲမှု၏ ၅၀ ရာခိုင်နှုန်း၊အလုပ်လက်မဲ့ ၆ ရာခိုင်နှုန်းမှ ၃၄ ရာခိုင်နှုန်းအထိ မြင့်တက်နေသည့် အခြေအနေသို့ရောက်နေပါသည်။ထို့အပြင်အချို့သောကမ်းရိုးတန်းဒေသများနှင် တိုင်းဒေသကြီးများနှင့် ပြည်နယ်အစိုးရများ၏ ၅၆ ရာခိုင်နှုန်ူးအထက် ဝင်ငွေများရရှိရန် အထောက်အကူ ပြုပေးနေကြောင်းဖြင့်လည်းသိရ၏။ များစွာသော မြန်မာပြည်သူများ၏ လူမှုစီးပွားဘဝအတွက်ရေငန်ငါးလုပ်ငန်း ကဏ္ဍကိုမှီခိုအားထားနေရကြောင်းဖြင့်လည်းသိရပါ၏။
ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် လက်ရှိပြည်သူများအတွက်ငါးရိက္ခာဖူလုံစေရုံသာမကငါးသယံဇာတများ ရေရှည်တည် တံ့စေရန်ထိန်းသိမ်းခြင်းဖြင့် အနာဂတ်မျိုးဆက်များအတွက်ဖူလုံစွာရရှိရန်မျှော်မှန်းချက်ဖြင့်ဆောင်ရွက်နေ ကြောင်းသိရပါ၏။ မျှော်မှန်းချက်များ ပြည့်မီအောင် ဆောင်ရွက်နိုင်ရန် အတွက် အစိတ်အပိုင်း တစ်ခုအဖြစ် ငါးလုပ်ငန်းဦးစီးဌာနသည် သီးသန့် စီးပွားရေးဇုန် အပါအဝင် ကမ်းဝေးငါးဖမ်းရေပြင်အတွင်း ငါးသယံဇာတ တည်ရှိမှုနှင့် ငါးဖမ်းဆီးထုတ်လုပ်မှုအခြေအနေများအား အကဲဖြတ် ဆန်းစစ်နိုင်ရေးဆိုင်ရာ ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်နေကြောင်း ဖြင့်သိရ၏။ ထို့အတူ ဘင်္ဂလားပင်လယ်အော်ဂေဟစနစ် စီမံကိန်းအနေဖြင့်လည်း ယခင်ဆောင်ရွက်ခဲ့သည့် သုတေသန ဆန်းစစ်မှု လုပ်ငန်းများတွင်အ ဓိကမိတ်ဖက် အဖွဲ့အစည်းအဖြစ်ပါ၀င်ခဲ့ကြောင်းဖြင့်လည်းသိရပေ၏။
နော်ဝေနိုင်ငံပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီမှရန်ပုံငွေထောက်ပံ့သည့် EAF- Nasen Programme ၏ အစိတ်အပိုင်းတစ်ခုအဖြစ်မြန်မာ့ငါးသယံဇာတအခြေအနေတိုင်းတာမှုအား ၁၉၇၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ လေ့လာဆောင်ရွက်ခဲ့ကြောင်းဖြင့်သိရသည်။ဤလေ့လာချက်များအရ ၁၉၈၈ ခုနှစ်ရလာဒ်များနှင့်နှိုင်းယှဉ်ရာတွင်ရေပေါ်လွှာ ငါးများ၊ရေအောက် ကြမ်းပြင်နေငါးများ၏ထုထည်ပဏာမအဓိကလျော့နည်းလာသည်ကိုတွေ့ရ ကြောင်းဖြင့်လည်းဆိုပါ၏။

၁၉၇၉-၈၀ ခုနှစ်၏ပျမ်းမျှရေပေါ်လွှာနေငါးထုထည်ပမာဏခန့်မှန်းထွက်ချက်မှုမှာ တန်ချိန် ၁ သန်းခန့် ဖြစ်သော်လည်း ၂၀၁၃-၂၀၁၅ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်များ၏ပျမ်းမျှရေပေါ်လွှာနေငါးထုထည် ပမာဏမှာ တန်ချိန် ၁၆၀,၀၀၀ မျှသာတည်ရှိတော့ကြောင်းလည်းသိရပါ၏။လက်ရှိရေပေါ်လွှာငါးထုထည်မှာ ၁၉၇၉-၈၀ ခုနှစ်ထက် ၈၀ ရာခိုင်နှုန်းခန့်လျော့နည်းလာခြင်းဖြစ်၏။ရေအောက်ကြမ်းပြင်နေငါးသယံဇာတတည်ရှိနေမှုမှာလည်း၁၉၇၉- ၈၀ ထက် ၆၀ ရာခိုင်နှုန်းလျော့နည်းလာကြောင်းသိရ၏။၁၉၇၉-၈၀ ခုနှစ်ကပျမ်းမျှအောက်ခြေနေငါးထုထည် ပမာဏ ခန့်မှန်းတွက်ချက်မှုမှာ တန်ချိန် ရ၅၀,၀၀၀ခန့်ဖြစ်သော်လည်း၊ ၂၀၁၃-၂၀၁၅ခုနှစ် နှင့် ၂၀၁၈ ခုနှစ်များ၏ ပျမ်းမျှရေအောက် နေငါးထုထည်ပမာဏမှာတန်ချိန် ၃၁၀,၀၀၀ မျှသာရှိတော့ကြောင်းဖြင့်လည်းသိရ၏။ ထို့အတူပင် ၊ ၁၉၇၉-၈၀ ခုနှစ် နှင့် ၂၀၁၃-၁၈ခုနှစ်သုတေသနဆောင်ရွက်သည့်ကာလများအကြားရေအောက်ကြမ်းပြင်ငါး များပြောင်းလဲမှုမှာ သက်တမ်းရှည်ပြီးစီးပွားရေးအရ အရေးပါသောငါးမျိုးစိတ်များသိသိသာသာ ကျဆင်းသွား ပြီး တစ်ချို့သောသက်တမ်းတိုပြီးတန်ဖိုးနည်းငါးမျိုးရင်းများဖြစ်သော ငါးပူတင်း၊ငါးခြင်္သေ့နီ၊ငါးဆင် နင်းငါးများတိုးပွားလာနေသည်ကိုတွေ့ရကြောင်းဖြင့်လည်းဆို၏။၁၉၇၉-၁၉၈၀ ခုနှစ်သုတေသနရလာဒ်များနှင့် ၂၀၁၃-၂၀၁၈ ခုနှစ်သုတေသနရလာဒ်များအရစီးပွား ရေးအရအရေးပါသောငါးမျိုးစိတ်အမြောက်အများ သိသိ သာသာကျဆင်းသွားပြီးတန်ဖိုးနည်းသောတစ်ချို့သော ငါးမျိုးစိတ်များမှာသိသိသာသာတိုးပွားနေသည်ဆို၏။
ပလတ်စတစ် အန္တရာယ်
မြန်မာနိုင်ငံကမ်းရိုးတန်းရှိရေနေသယံဇာတများရှားပါးရခြင်းအကြောင်းတစ်ရပ်မှာစွန့်ပစ်ပလတ်စတစ် များကြောင့်လည်းဖြစ်ကြောင်းဖြင့်သိရ၏။စွန့်ပစ်ပလတ်စတိတ်များသည်ရေအောက်ကြမ်းပြင်ကိုရောက်ရှိသွားပြီး ရေနေသတ္တဝါများ၏အစားအသောက်အပင်၊လှေး၊မွှားများကိုပျက်စီးစေသည်ဖြစ်ရာ ရေနေသတ္တဝါများအားခြိမ်း ခြောက်နေသောအန္တရာယ်တစ်ရပ်ပင်ဖြစ်နေ၏။အပြည်ပြည်ဆိုင်ရာတောရိုင်းတိရစ္ဆာန်နှင့်သဘာဝအပင်အဖွဲ့ (FFI)နှင့်သန့်မြန်မာတို့ကောက်ယူခဲ့သောစစ်တမ်းများအရဧရာဝတီ၊မြစ်ဝကျွန်းပေါ်ဒေသနှင့်ဆက်စပ်နေသည့် ကမ်းခြေများတွင်နေ့စဉ်ပလတ်စတစ် ၁၁၉ တန်ခန့်ဝင်ရောက်နေကြောင်းသိရ၏။ဧရာဝတီတိုင်းအထက်ပိုင်းဒေ သများတွင်တစ်ရက်လျှင်ပလတ်စတစ်ညစ်ညမ်းမှုမှာ ၅၈ တန်ရှိပြီး၊ မြစ်ဝကျွန်းပေါ်အောက်ပိုင်းဒေသများတွင် ပလတ်စတစ်ညစ်ညမ်းမှု ၃၂ တန်နှင့်ရန်ကုန်တွင် ၂၉ တန်ခန့်ဝင်ရောက်လျက်ရှိနေကြာင်းသိရ၏။တွေ့ရှိရသည့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများမှာ အစားအစာထုပ်ပိုးသည့်ဗူးခွံများနှင့်တစ်ခါသုံးကြွပ်ကြွပ်အိတ်များအပါအဝင်အ ပျော့စားပလတ်စတစ်ပစ္စည်းများပါ၀င်ကြောင်းဖြင့်ဆို၏။ပလတ်စတစ်ညစ်ညမ်းမှုပမာဏသည်နွေရာသီထက်မိုး ရာသီတွင် ၁၇ ဆပိုများကြောင်းများလည်းလေ့လာဆန်းစစ်ချက်များအရသိရ၏။မြစ်ကမ်းပါးများတွင်စုပုံစွန့်ပစ် ထားသောပလတ်စတစ်အမှိုက်များသည် မိုးရွာသည့်အချိန်တွင်ရေစီးနှင့်မျောပါလာပြီးနောက်မြစ်ချောင်းများမှ တစ်ဆင့်ပင်လယ်အတွင်းသို့စီးဝင်သွားခြင်းကြောင့်လည်းဖြစ်၏။
မြန်မာနိုင်ငံနှင့်ထိစပ်နေသည့်ဘင်္ဂလားပင်လယ်အော်တွင်တွင်လွန်သေးငယ်သောပလပ်စတိတ်အမှုန် ( micro –plastic Prticle)များကိုတွေ့နေရကြောင်းဖြင့်ဆိုပါ၏။Fridjof Nansen သုတေသနသင်္ဘော၏ ၂၀၁၈ ခုနှစ်ကပြုလုပ်ခဲ့သောလေ့လာ မှုတစ်ခုအရ ဘင်္ဂလားပင်လယ်အော်၏ပလတ်စတစ်ညစ်ညမ်းမှုမှာတစ်စတုရန်းကီ လိုမီတာလျှင်အမှုန် ၂၈၀၀၀ အထိရောက်ရှိနေကြောင်းဖြင့်ဆို၏။
ပလတ်စတစ်ညစ်ညမ်းမှုသည် သဘာဝပတ်ဝန်းကျင်ပြဿနာတစ်ခုဖြစ်သည်သာမက လူသားများအ တွက် ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးပြဿနာလည်းဖြစ်ပါ၏။များပြားလှသောပလတ်စတစ်ညစ်ညမ်းမှုပမာဏရှိ ပလတ်စတစ်အမှုန်များကိုအစာထင်၍စားသုံးလေ့ရှိသည့်နေရေသတ္တဝါများကိုဖမ်းယူစားသုံးကြသည့်လူသား များအတွက် ကျန်းမာရေးခြိမ်းခြောက်မှုတစ်ခုလည်းဖြစ်၏။ ကမ္ဘာတစ်ဝန်းတွင်နှစ်စဉ်စွန့်ပစ်ပစ္စည်းပမာဏတန် ချိန် ၁၁ ဒဿမ ၂ ဘီလီယံခန့်စွန့်ပစ်နေကြပြီး ယင်းတို့အနက်ပလတ်စတစ်စွန့်ပစ်ပစ္စည်းတန်ချိန်ရှစ်သန်းခန့် မှာ ပင်လယ်၊သမုဒ္ဒရာအတွင်းသို့ရောက်ရှိကာ ပင်လယ်ကြမ်းပြင်ညစ်ညမ်းမှုကိုဖြစ်ပေါ်စေပြီး ရေနေသတ္တဝါတို့အ တွက်ပို၍ပင်ခြိမ်းခြောက်မှုကိုဖြစ်ပေါ်လျက်ရှိနေကြောင်းဖြင့်လေ့လာသူများကဆိုကြ၏။တောရိုင်းတိ၇စ္ဆာန်နှင့် သဘာဝအပင်အဖွဲ့နှင့်မိတ်ဖက်အဖွဲ့အစည်းများ၏လေ့လာမှုများအရ ကမ္ဘာပေါ်တွင်နှစ်စဉ်လူပေါင်းလေးသိန်း မှတစ်သန်းခန့်သည် ပလတ်စတစ်အပါအဝင်စွန့်ပစ်ပစ္စည်းများကြောင့် အသက်သေဆုံးနေကြရသည်ဟုဆို၏။

လူတို့အတွက်အာဟာရ
မည်သို့ဆိုစေလူတို့၏နေ့စဉ်စားသုံးရမည့်ပရိုတင်းဓာတ်လိုအပ်မှုတွင်ငါးအာဟာရသည့်အရေးကြီးသောအသားဓာတ် အရင်းအမြစ်တစ်ခုဖြစ်ကြောင်းပညာရှင်များကဆိုကြ၏။ငါးစားသုံးပေးခြင်းဖြင့်ငါးတွင်ပါ၀င် သောဗီတာမင်-ဒီ မှ ရောဂါပိုးများခုခံကာကွယ်ရေးနှင့် ကိုယ်ခံစွမ်းအားကောင်းမွန်ရေး အတွက်အထောက်အပံ့ ဖြစ်စေကြောင်းဖြင့် လည်းဆိုသေး၏။ငါးများတွင်စားသုံးသူအများအတွက်လိုအပ်သော အသားဓာတ်၊ အဆီဓာတ်များပါ၀င်လျက်ရှိရာ ၊အိုမီဂါ-၃ မပြည့်ဝဆီပါ၀င်သောအဆီဓာတ်ကြွယ်ဝသည့်ငါးများ၊အကြေး ခွံအများအပြားနှင့်အရိုးပါ၀ါးစားနိုင်သည့် ငါးသေး၊ ငါးမွှားကလေးများကအစတွေ့ရှိနိုင်၏။ငါး တစ်ကောင်လုံး၏ ၃၀ ရာခိုင်နှုန်းမှ ရ၀ ရာခိုင်နှုန်းဖြစ်သောဦး ခေါင်းပိုင်း၊အတွင်းကလီစာနှင့်ကျောရိုးစသည်များ သည်တန်ဖိုး နည်းသောအစိတ်အပိုင်းဖြစ်သော်လည်း ၄င်းတို့ တွင်အဟာရတန်ဖိုးမြင့်မားစွာပါ၀င်ကြောင်း ဖြင့်လည်းသိရ ၏။FAO ၏ထုတ်ပြန်ချက်ကိန်းကဏန်းများအရကမ္ဘာ တစ်ဝန်း ရှိ ၃ ဒသမ ၁ ဘီလီယံကျော်သောလူသားများ အနေဖြင့် တိရစ္ဆာန်မှရရှိသောအသားဓာတ်စုစုပေါင်း၏ ၂၀ ရာ ခိုင်နှုန်းကိုငါးမှရရှိသောငါးရိက္ခာအပေါ်မှီခိုစား သောက်လျက်ရှိကြောင်းဖြင့်သိရ၏။၁၉၆၁ ခုနှစ်က မ္ဘာတစ် ၀န်း၌လူတစ်ဦးလျှင်ငါးစားသုံးမှု ၁ နှစ်လျှင် ၉ ကီလိုဂရမ် ရှိခဲ့ရာမှယနေ့အချိန်တွင်လူတစ်ဦးလျှင်ငါးစားသုံးမှု ၁ နှစ်လျှင်၂၀ ကီလိုဂ ရမ်ထိမြင့်တက်လာကြောင်းဖြင့်လည်းဆိုပါ၏။ငါး ရိက္ခာသည်ငတ်မွတ်မှုနှင့်အာဟာရဓာတ်ချို့တဲ့မှုတိုက် ဖျက်ရေးအတွက်အရေးကြီးသောအခန်း ကဏ္ဍမှပါ၀င် လျက်ရှိပြီးငါးအဟာရဓာတ်သည်စားသုံးသူပြည်သူများအ တွက်အသားဓာတ်အပြင်ကျန်းမာစေ သောအဆီ ဓာတ်၊အိုမီဂါ-၃ မပြည့်ဝဆီ၊ကယ်လ်စီယမ်နှင့်သတ္တုဓာတ်များ ကိုဖြည့်တင်းပေးနိုင်ကြောင်းဖြင့် လည်းဆို ကြသည်။ထိုကြောင့်ပင်လူတို့၏ရုပ်ပိုင်းဆိုင်ရာကျန်းမာ ရေး၊ စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေးတိုး တက်မြင့်မာရေးအတွက်လိုအပ်သည့်ပရိုတင်းဓာတ်ရရှိရာတွင်ငါး အာဟာရသည်လူတိုင်း နှင့်လက်လှမ်းမီသော စျေးနှုန်းဖြင့်ဝယ်ယူစားသုံးနိုင်သောအာဟာရတစ်ခုဖြစ်ကြောင်း ဖြင့်လည်းဆို၏။
လူအများတို့မှာဘဝနေနည်းမျိုးစုံနှင့်အတူ ရောဂါဘယဖြစ်ပွားမှုတွေများလာကြ၏။ထိုကဲ့သို့ရော ဂါများနှင့် နာတာရှည်ရောဂါများအား ထိန်းချုပ်ရန်မှာငါးရိက္ခာများစားသုံးပေးရန်လို အပ်ကြောင်း ကျွမ်းကျင် တတ်သိနားလည်သူများကထောက်ပြရေး သားနေကြသည်ကိုတွေ့ရ၏။ ဆရာတို့၏ အဆိုအရ ရောဂါဘယဖြစ် ပွား၍အပြင်ထွက်ခွင့်မသာသောပြည်သူများမိမိတို့အိမ်တွင်းနေထိုင်ကြရချိန်တွင် စားသုံးသောအစားအစာများမှ အာဟာရဓာတ်မျှတစွာရရှိစေရန်ငါးစားသုံးခြင်းသည် ကျန်းမာရေး(အထူးသဖြင့် ကိုယ်ခံအားကောင်းမွန်ရေး) အတွက်အကျိုးရှိပါသဖြင့်၊ ရေနေသတ္တဝါ ငါးသယံ ဇာတထိန်းသိမ်းနိုင်ရေးအတွက် ပလတ်စတစ်ညစ်ညမ်း မှုများထိန်းချုပ်နိုင်ရေးအလေးထားဆောင်ရွက်သွားကြ ရန်လို အပ်ပေမည်။