၂၀၂၃-၂၀၂၄ ခုနှစ်တွင်မြန်မာနိုင်ငံ၌အယ်လ်နီညိုဖြစ်စဉ်နှင့်ကြုံတွေခဲ့ကြရသည်။ကမ္ဘာ့နိုင်ငံအသီးသီး တွင်လည်းအယ်လ်နီညိုဖြစ်စဉ်၏အကျိုးသက်ရောက်မှုများကိုတွေ့ကြုံခဲ့ကြရသည်။ အယ်လ်နီညိုဖြစ် စဉ်ကြောင့်ပုံမှန်မဟုတ်သောရာသီဥတုဖောက်ပြန်မှုများ ကိုတွေ့ခဲ့ရသည်။အထူးသဖြင့်နွေရာသီကာ လများတွင်အပူပြင်းထန်မှုကြောင့်မြစ်ချောင်းများရေခန်းခြောက်ကာရေရှားပါးမှုပြသနာများကိုတွေ့ကြုံခဲ့ကြရသည်။ကမ္ဘာ့မြစ်ကြီးများသည် လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ အတွင်းအခြောက်သွေ့ဆုံး ဖြစ်လာခဲ့ ကြောင်းသိရသည်။ကမ္ဘာ့လေထုပူပြင်းလာခြင်းသည်ကမ္ဘာ့ရေသံသရာ စက်ဝန်းကိုပိုမိုခန့်မှန်းရခက်ခဲ လာကြောင်းလည်းသိရသည်။

ရေချို နှင့်ရေငန်
ကမ္ဘာ့ပေါ်တွင် ရှိရှိသမျှရေများကိုသရုပ်ခွဲကြည့်ပါက ရေချိုနှင့်ရေငန်ဟူ၍နှစ်မျိုးသာရှိရာ သက်ရှိများအတွက် အသုံး အဝင်ဆုံးမှာ ရေချိုသာဖြစ်သည်။သို့ရာတွင် ကမ္ဘာ့ရေထုအားလုံး၏ ၉၇ ရာခိုင်နှုန်းမှာပင်လယ်သမုဒ္ဒ ရာများနှင့်ဆားငန် ရေများ ဖြစ်ပြီး ၃ ရာခိုင်နှုန်းသာရေချိုပမာဏဖြစ်သည်။ထို ၃ ရာခိုင်နှုန်းတွင်လည်းရေခဲတောင်၊ ရေခဲမြစ်နှင့်မြေအောက်ရေမှာ ၀ ဒဿမ ၀၀၃ ရာခိုင်နှုန်းသာဖြစ်သည်။ဤသည်ကိုကြည့်ခြင်းအားဖြင့်ကမ္ဘာတစ် ဝှမ်းလုံးအနေဖြင့်ဆိုရလျှင် သုံးစွဲနိုင်သောရေချိုပမာဏ သည် အလွန်ပင်နည်းပါးလှသည်။ထိုကြောင့်ရေသည် ကမ္ဘာပေါ်ရှိသယံဇာတများအနက် အဖိုးအတန်ဆုံးသော သယံဇာတဖြစ် ကြောင်းပြောရလျှင်မှားအံ့မထင်ပေ။သို့ရာတွင်လူအများသည်ရေ၏အရေးပါမှုကိုသတိမထားမိကြ။ယနေ့ကမ္ဘာလူဦးရေတိုးပွားလာနေခြင်း၊လူမှုဘဝတိုးတက်မြင့်မားလာမှုကြောင့်ရေသုံးစွဲမှုပိုမိုများပြားလာခြင်း၊ရေကိုလိုအပ်သည်ထက်ပိုမိုများပြားစွာသုံးစွဲလာခြင်း၊ဖွံ့ဖြိုးမှုအတွက်စက်ရုံအလုပ်ရုံစသည်များကရေကိုပိုမိုသုံးစွဲရခြင်းနှင့်စီမံခန့်ခွဲမှုအားနည်းသောနိုင်ငံများတွင်ရေပြုန်းတီးမှုများ ပြားလာခြင်းအပြင် ရာသီဥတုပြောင်းလဲမှုကြောင့်ကမ္ဘာကြီး၌ရေအရင်းအမြစ်များတဖြည်းဖြည်းလျော့ပါးလာနေသည်။ လေ့လာ ဆန်းစစ်ချက်များအရ ကမ္ဘာပေါ်တွင်လူသန်းပေါင်း ၇၀၀ မှ ၁၀၀၀ကျော်အထိရေချိုရှားပါးမှုကို ခံစားနေရကြောင်း သိရသည်။ အထူးသဖြင့်ရေချိုအရင်းအမြစ်များကိုရေရှည်တည်တံ့အောင်ထိန်းသိမ်း မထားနိုင်ခြင်း၊မြို့ပြများတွင်စက်ရုံ၊အလုပ်ရုံများမှ ထွက်ရှိသည့်ရေဆိုးစွန့်ပစ်မှုကိုစနစ်တကျမပြုလုပ် ခြင်း၊မိလ္လာစ နစ်များ စနစ်မကျခြင်းနှင့် အမှိုက်များကို မဆင်မခြင်စွန့်ပစ်ခြင်း စသည်များကလည်း ရေချိုအရင်းအမြစ် ပျက်စီးရခြင်း၏ အကြောင်းရင်းလည်းဖြစ်သည်။ ကမ္ဘာ အဝှမ်းနိုင်ငံအချို့တွင် နွေရာသီ ရောက်လျှင်မြစ်များရေခန်း ခြောက် ခြင်း၊ရေတွင်းများရေခန်းခြောက်ခြင်း၊ စက်မှုစွန့်ပစ် အမှိုက်များကြောင့် ရေထုညစ်ညမ်း မှုများရှိသဖြင့်ရေချိုသုံးစွဲ နိုင်မှုနည်းပါးလာနေကြောင်းသိရသည်။ဆိုရလျှင်ရေထုညစ် ညမ်းမှုသည်ရေချိုအရင်းအမြစ်များကို ပျက်စီးစေကာလူအများအားရေသုံးစွဲနိုင်မှုကိုလျော့နည်းစေရသည့်အကြောင်းရင်းတစ်ရပ် လည်းဖြစ်သည်။
ရေချို၏အရေးပါမှု
ပြောရမည်ဆိုပါကရေချိုသည်လူနှင့်တိရစ္ဆာန်များ၊အပင်များရှင်သန်ရေးအတွက်လည်းကောင်း၊စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက်လည်းကောင်းမရှိမဖြစ် အရေးပါသည့်လိုအပ်ချက်တစ်ရပ်ဖြစ်သည်။ ရေချိုသုံးစွဲခြင်းနှင့်ပတ်သက်၍လူသားတို့အနေဖြင့် သောက်သုံးခြင်းနှင့်အခြားသောအထွေထွေ အသုံးပြုခြင်းအတွက် ၈ ရာခိုင်နှုန်း၊လယ်ယာစိုက်ပျိုးရေးအတွက် ၇၀ ရာခိုင်နှုန်း၊စက်ရုံအလုပ်ရုံများ အတွက် ၂၂ ရာခိုင်နှုန်းကိုအသုံးပြု ကြောင်းဖြင့်လည်းသိရသည်။ယနေ့ကမ္ဘာတွင်လူဦးရေ အဆ မတန်တိုးပွားလာနေသည်။ လူအများ၏စားနပ်ရိက္ခာအတွက်တိုးချဲ့စိုက်ပျိုးနေကြရသည်။ စက်မှုလုပ်ငန်းများမှာလည်း အစဉ် သဖြင့်တိုးတက်များပြားလာနေသည်။ရေ သုံးစွဲမှုပမာဏမှာ ၁၉၅၀ ပြည့်လွန်နှစ်များကစ၍ နှစ်စဉ်တိုးတက်လာနေသည်ဟု လည်းသိရသည်။ကမ္ဘာ့နိုင်ငံ ၁၉၁ နိုင်ငံအနက် ၁၀ နိုင်ငံကသာ ကမ္ဘာ့ရေရင်းအမြစ်၏ ၆၅ ရာခိုင်နှုန်းခန့်ကို ပိုင်ဆိုင်ထားကြောင်း ဖြင့်လည်း သိရသည်။ ရေသုံးစွဲမှုနှင့်ပတ်သက်၍ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ခန့်မှန်းချက်အရ ကမ္ဘာ့ရေချို၏ ၁ ရာခိ်ုင် နှုန်းထက်နည်း သော သို့မဟုတ် ကမ္ဘာ့ရေထု၏တစ်သိန်းပုံခုနစ်ပုံကိုသာလူသားတို့သုံးစွဲနိုင်ကြောင်း ခန့်မှန်းထားသည်။ ရေချို တွင် လည်း သန့်ရှင်းသောရေနှင့်ညစ်ညမ်းသောရေဟုခွဲခြားထားပြန်သေးရာ ယနေ့ရေထု၏ ၂ ဒသ မ ၅ ရာခိုင်နှုန်းသာ ရေသန့် ဖြစ်ကြောင်းပညာရှင်များကသတိပေးလာကြသည်။ ကမ္ဘာကြီးတွင်ရေအရင်း အမြစ်များတဖြည်းဖြည်း ယုတ် လျော့နည်းပါးလာ သည်။အထူးသဖြင့်ကမ္ဘာ့လူဦးရေတိုးပွားလာနေခြင်း၊လူမှုဘဝဖွံ့ဖြိုးလာသဖြင့်ရေသုံးစွဲမှုပိုမိုများပြား လာခြင်း၊စီမံခန့်ခွဲမှုအားနည်းသောနိုင်ငံများတွင်ရေပြုန်းတီးမှုများပြားလာခြင်း၊ ရေကိုလိုအပ်သည်ထက် ပိုမိုသုံးစွဲလာခြင်းနှင့်ရာသီဥတုပြောင်းလဲ့မှုကြောင့်ရေသယံဇာတများဆုတ်လျော့လာခြင်းတို့မှာလည်းရေအရင်းအမြစ်များလျော့ ပါးလာခြင်း၏ အဓိကအကြောင်းရပ် များပင်ဖြစ်သည်။သက္ကရာဇ် ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့လူဦးရေသည်သန်း၉၀၀၀ကျော်ရှိနိုင်သည်ဟုခန့်မှန်းထားရာ ယခုလက်ရှိရေချိုပမာဏ အတိုင်းဆိုပါ က ကမ္ဘာ့လူဦးရေ၏ထက်ဝက်ခန့်သည်ရေ ရှားပါးမှုဒဏ်ကို ပြင်းပြင်းထန်ထန် ခံရနိုင် ဖွယ်ရှိကြောင်း ကုလသမဂ္ဂ အဖွဲ့ကသတိပေးထားကြောင်းလည်းသိရသည်။

လူတို့အတွက်ရေ
ရေသည်သက်ရှိတို့အတွက် မရှိမဖြစ်သောသယံဇာတတစ်မျိုးဖြစ်သည်။သက်ရှိဆိုရာတွင်လူအပါအဝင် အပင်၊တိရစ္ထာန်နှင့်အင်းဆက်ပိုးမွှားများလည်းပါဝင်သည်။”ထမင်းအသက်ခုနစ်ရက်၊ ရေအသက်တစ်မ နက်”ဟူသည့်ဆိုရိုး စကားပင်ရှိသည်။မှန်သည်။ထမင်းမစားရလျှင်ခုနစ်ရက်အသက်ရှင်နိုင်သော်လည်း ရေမသောက်ရလျှင်တစ်မနက်ပင် အသက်မရှင်နိုင်ဟုဆိုခြင်းဖြစ်သည်။ဤအဆိုမှာမှန်၏။လူတစ် ယောက်၏ခန္ဓာကိုယ်အတွင်း ၌ ၇၀ ရာခိုင်နှုန်းသည် ရေများသာ ဖြစ်သည်။ခန္ဓာကိုယ်အတွင်းရေပမာဏ ၅ ရာခိုင်နှုန်းလျော့နည်းပါက ရေငတ် ဝေဒနာကိုခံ စားကြရပေမည်။ ထို့ထက်ပို၍ ၁၀ ရာခိုင်နှုန်းလျော့နည်းသွားပါကသေဆုံးသည်အထိဖြစ်နိုင်ကြောင်းသိရသည်။ထိုကြောင့် မှန်ကန်သော ရေဓာတ်ကို ထိန်းသိမ်း ထားရန်မှာကျန်းမာရေးအတွက်အရေးအကြီးဆုံးဖြစ်သည်။ရေသည်ဇီဝက မ္မဖြစ်စဉ်များအတွက်ကြားခံအဖြစ်ခန္ဓာကိုယ်၏ အပူချိန်ကိုထိန်းညှိပေးခြင်း၊အစာခြေခြင်းကိုလွယ်ကူ ချောမွေ့စေပြီးအာဟာရဓာတ်နှင့်အောက်စီဂျင်ကိုဆဲလ်များဆီသို့ပို့ဆောင်ပေးသည်။ရေဓာတ်မလုံ လောက်ခြင်းကြောင့် လူ့ခန္ဓာကိုယ် သည်ရေဓာတ်ခန်းခြောက်ပြီး အသက်ကိုအန္တရာယ်ပြုနိုင်သည်။
ရေသယံဇာတထိန်းသိမ်းရေး
မြန်မာနိုင်ငံသည် မြစ်ချောင်းများ၊အင်းအိုင်များ၊သဘာဝရေထွက်များစသည့်ပုံစံအမျိုးမျိုး ဖြင့်ရေချိုအရင်းအ မြစ်များကြွယ်ဝမှုကြောင့်တစ်ကမ္ဘာလုံးရေချိုပိုင်ဆိုင်မှု၏ ၁ ဒသမ ၇ ရာခိုင်နှုန်းရှိသည်။သို့ရာတွင်မြန်မာနိုင်ငံသည်ရာသီဥတုပြောင်းလဲလာမှု၏အကျိုးဆက်ကိုသိသိသာသာခံစားနေရပြီဖြစ်သည်။နိုင်ငံတစ်ဝန်းရှိရေဝေရေလဲဒေသများကိုထိန်းသိမ်းနိုင်စွမ်းမရှိခြင်းကြောင့်ရေအရင်းအမြစ်များဆုံးရှုံးနေရသည်။နွေရာသီကာလမရောက်မီကပင်မြစ်၊ချောင်း၊အင်းအိုင်များ၊ရေတွင်းရေကန်များခန်းခြောက်လာသည်။ဆည်မြောင်း၊တာ တမံများ တွင်ရေနည်းပါးခြင်းနှင့်ရင်ဆိုင် လာရသည်။ မြန်မာနိုင်ငံသည် ရေသယံဇာတပေါများသည့်နိုင်ငံတစ်ခု ဖြစ်သော်လည်း နွေရာသီသို့ရောက်ရှိပြီးအပူချိန် မြင့်မားလာသည်နှင့်အမျှ ရေရှားပါး ခြင်းကိုကြုုံတွေ့နေကြရသည်။ မြန်မာ နိုင်ငံအလယ်ပိုင်းမိုးနည်းရေရှားရပ်ဝန်း တွင် သာမက ရခိုင်ပြည်နယ်လို မိုးများသည့် နေရာဒေသများ၊ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့်အခြားဒေသများတွင်ပါ သောက်သုံးရေအတွက် အခက်ပွေကြရသည်။ဤ့ဖြစ်စဉ်မှာ နှစ်စဉ်နှစ်တိုင်း နွေရာသီရောက်တိုင်းကြုံတွေ့နေကြရ ခြင်းဖြစ်သည်။

မြေအောက်ရေထိန်းသိမ်းရေး
ကမ္ဘာတစ်ဝန်းလုံး၌စိုက်ပျိုးရေနှင့်သောက်ရေသုံးရေအတွက်မြေအောက်ရေကိုလည်းအားထားရသည်။မြေအောက်ရေဆိုသည်မှာမြေမျက်နှာပြင်အောက် မြေလွှာရှိသဲ၊ကျောက်စရစ်အတွင်း၌သော်လည်း ကောင်း၊ကျောက်လွှာကျောက်ကြားများအတွင်း၌သော်လည်းကောင်းစိမ့်ဝင်ခိုအောင်းနေသောရေဖြစ်သည်။မြေအောက်ရေသည်သန့်စင်သောမြေပေါ်ရေပမာဏ၏ ၃၀ ရာခိုင်နှုန်းခန့်ရှိကြောင်းလည်းသိရ သည်။သုံးရေ၊သောက်ရေများအတွက်မြေအောက်ရေများကိုထုတ်ယူသုံးစွဲလျက်ရှိနေကြ သည်။မြို့ပြ များတိုးချဲ့မှုနှင့်မြေအောက်ရေကိုအတိုင်းအဆမရှိထုတ်ယူနေမှုတို့် သည်မြေအောက်ရေအရင်းအမြစ်ကို ထိခိုက်လာ နေကြောင်းသိရသည်။မြေအောက်ရေအလွန်အကျွံထုတ်ယူမှုကြောင့် နေရာဒေသအချို့၌ မြေအောက်ရေအောင်းလွှာမှရေထွက်နှုန်းကျဆင်းလာခြင်း၊မြေပေါ်မျက်နှာပြင်များနိမ့်ကျသွားခြင်း၊မြေကျွံကျခြင်းဖြစ်စဉ်များဖြစ်ပေါ်လာကြောင်းဖြင့်လည်းသိရသည်။မြေအောက်ရေကိုအထိန်းအကွပ်မရှိရယူသုံးစွဲခြင်း သည်ရေရှည်တွင်မြေအောက်ရေမျက်နှာပြင်များနိမ့်ကျခြင်းနှင့်အတူမြေ အောက်ရေရှားပါးခြင်းကိုလည်းကြုံတွေ့ရမည်ဖြစ်သည်။ မြေအောက်ရေမျက်နှာပြင်နိမ့်ကျခြင်းနှင့် အတူမြေမျက်မှာပြင်နိမ့်ကျမှုများကိုအာရှမြို့ကြီးများဖြစ်သောဂျကာတာ၊ဗန်ကောက်၊ဒါကာနှင့်မနီလာမြိုံကြီးများ၏နေရာအချို့တွင်ကြုံတွေ့ရင်ဆိုင်နေကြရပြီဖြစ်ကြောင်းလည်းသိရသည်။
ရေအရင်းအမြစ်များထိန်းသိမ်းရေသည်အသက်သွေးတမျှအရေးကြီးသည်။ရေသည်သက်ရှိသတ္တဝါများအတွက်အရေးအပါဆုံးဓာတ် ဖြစ်ပြီးရေဓာတ်မရှိပါကအသက်ရှင်နိုင်မည်မဟုတ်ပေ။ထို့အတူ နိုင်ငံတစ်နိုင်ငံ၏ဖွ့ံဖြိုးတိုးတက်မှုကို လည်းသက်ရောက်အဟန့်အတားဖြစ်စေနိုင်သည်။ရေသည်စိုက်ပျိုးမွေးမြူရေးတွင် အဓိကအခန်း ကဏ္ဍမှပါဝင်ပြီးကောက်ပဲသီးနှံများစိုက်ပျိုးရေး၊လူသားများအတွက်မရှိ မဖြစ်လိုအပ်သည့်ပရိုတင်း ဓာတ်အရင်းအမြစ်များဖြစ်သည့်တိရစ္ဆာန်များမွေး မြူရန်ရေကိုမှီခိုနေကြရသည်။ သို့ဖြစ်ရာ ရေသည်လူသားတို့၏စားဝတ်နေရေးအတွက်အခြေခံအုတ်မြစ်လည်းဖြစ်နေပြန်သည်။ ယနေ့အခါ တွင်ကမ္ဘာ့လူဦးရေတိုးတက်များပြားလာမှုနှင့်စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်များ ပြားလာနေသည် ဖြစ်ရာယနေ့ကမ္ဘာ့ကြီးတွင်ရေလိုအပ်ချက်သည်စိန်ခေါ်မှုတစ်ရပ်ဖြစ်နေသည်။ဆိုရလျှင်သန့်ရှင်းသောရေရရှိရေးသည် လူများ၏လူနေမှုဘဝတိုးတက်ရေးအတွက် အရေးပါသော အချက်ဖြစ်သည်။ ရေကိုစိုက်ပျိုးရေးကဏ္ဍတွင်လည်း ကောင်း၊ စက်မှုလက်မှုလုပ်ငန်းအမျိုးမျိုးတွင်လည်းကောင်း၊ လူတို့၏သုံး စွဲရေနှင့်သောက်သုံးရေးအတွက်သော်လည်း ကောင်းသုံးစွဲလျက်ရှိနေကြသည်ဖြစ်ရာ ရေအရင်းအမြစ်များထိန်းသိမ်းရေးအ တွက်အလေားထားဆောင်ရွက်ကြရန် လိုအပ်နေပြီဖြစ်သည်။