ဗြိတိန်တင်းနစ်မယ် ရာဒူကာနူရဲ့ အီတလီအိုးပင်း ချန်ပီယံဆုမျှော်လင့်ချက်က စတုတ္ထအဆင့်ပွဲမှာ ကိုကိုဂတ်ဖ်ကို ရှုံးနိမ့်ပြီး ရပ်တန့်သွားခဲ့ရပြီ ဖြစ်ပါတယ်။ ၂၀၂၅ တင်းနစ်ရာသီအစပိုင်းမှာ လက်စွမ်းကောင်းတွေ ရခဲ့သလို ကမ္ဘာ့ အဆင့် ၅၀ အတွင်း ဝင်ရောက်ရပ်တည်လာနိုင်ခဲ့တဲ့ ရာဒူကာနူကတော့ အခုအီတလီအိုးပင်းမှာလည်း လက်စွမ်း ကောင်းကို ပြသနိုင်ခဲ့ပြီး စတုတ္ထအဆင့်အထိ တက်ရောက်နိုင်ခဲ့တာပါ။

အမေရိကန်တင်းနစ်မယ် ကိုကိုဂတ်ဖ်ဟာ နောက်ဆုံး ယှဉ်ပြိုင်ထားခဲ့တဲ့ မက်ဒရစ်အိုးပင်း ပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ တက်ရောက်ထားနိုင်ခဲ့သလို အခုပြိုင်ပွဲမှာ လည်း ချန်ပီယံဆုရဖို့အထိ ရည်မှန်းထားတာ ဖြစ်ပါတယ်။ ကိုကိုဂတ်ဖ်က လက်စွမ်းတည်ငြိမ်မှု ပိုကောင်းခဲ့သလို ရာဒူကာနူထက်လည်း အမှားနည်းခဲ့ပါတယ်။ ပွဲကစားချိန်က ၁ နာရီနဲ့ ၁၉ မိနစ်သာ ကြာမြင်ခဲ့ပြီး ကိုကိုဂတ်ဖ်က (၆း၁၊၆း၂)ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်ခွင့် ရသွားခဲ့တာ ဖြစ်ပါတယ်။

ကွာတားဖိုင်နယ်အဆင့်မှာတော့ ကိုကိုဂတ်ဖ်ဟာ ဆီဒင်အဆင့် ၇ ရထားတဲ့ အမေရိကန်တင်းနစ်မယ် အန်ဒရီဗာနဲ့ ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ကိုကိုဂတ်ဖ်ကတော့ မြေစေးကွင်းပွဲတွေမှာ ရလဒ်ကောင်းလေ့ မရှိပေမယ့် မကြာခင်ကျင်းပမယ့် ပြင်သစ်အိုးပင်းမှာ ရလဒ်ကောင်းရဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။