အီတလီအိုးပင်းတင်းနစ် အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲမှာ အမေရိကန်တင်းနစ်မယ် ကိုကိုဂတ်ဖ်နဲ့ အီတလီ တင်းနစ်မယ် ပါအိုလီနီတို့ ထိပ်တိုက်ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။ အိမ်ရှင် အီတလီပရိသတ်တွေရဲ့ အားပေးမှု ကို ရရှိထားခဲ့ ကမ္ဘာ့အဆင့် ၅ ပါအိုလီနီဟာ ဆီမီးဖိုင်နယ်မှာ အမေရိကန်တင်းနစ်မယ် စတန်းနဲ့ ဆုံတွေ့ခဲ့တာပါ။

စတန်းဟာ ပထမပွဲလတ်မှာ ပါအိုလီနီကို အခက်တွေ့အောင် ကစားနိုင်ခဲ့ပေမဲ့လည်း ပရိသတ်တွေရဲ့ အားပေးမှုနဲ့ အတူ ပါအိုလီနီဟာ ပထမပွဲလတ်ကို အနိုင်ရအောင် ကစားခဲ့သလို ဒုတိယပွဲလတ်မှာတော့ လက်စွမ်းအသာစီးနဲ့ ရလဒ် အပြတ်အသက်ဖြစ်အောင် ကစားပြသွားခဲ့ပါတယ်။ ဆီမီးဖိုင်နယ် ပွဲအပြီးမှာတော့ ပါအိုလီနီက စတန်းကို (၇း၅၊၆း၁)ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ဗိုလ်လုပွဲကို တက်ရောက်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပါအိုလီနီအနေနဲ့ အီတလီအိုးပင်းပြိုင်ပွဲသမိုင်းမှာ နှစ်ပေါင်း ၄၀ အတွင်း ချန်ပီယံဆုရယူနိုင်တဲ့ ပထမဆုံး အီတလီတင်းနစ်မယ်အဖြစ် မှတ်တမ်းရေးထိုးခွင့်ရဖို့နဲ့လည်း နီးစပ်ခဲ့တာ ဖြစ်ပါတယ်။ ပါအိုလီနီဟာ ဖိုင်နယ်မှာတော့ ကမ္ဘာ့အဆင့် ၂ နေရာကို လက်တလောမှာ ရရှိထားတဲ့ အမေရိကန်တင်းနစ်မယ် ကိုကိုဂတ်ဖ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။