အသက် ၁၇ နှစ်သာရှိသေးတဲ့ ရုရှားတင်းနစ်မယ် အန်ဒရီဗာဟာ ဒူဘိုင်းအိုးပင်းပြိုင်ပွဲမှာ ဗိုလ်လုပွဲကို တက်နိုင်တဲ့ အသက်အငယ်ဆုံးတင်းနစ်မယ် ဖြစ်လာပါတယ်။ဆီမီးဖိုင်နယ်မှာ အန်ဒရီဗာဟာ ဝင်ဘယ်ဒန်ချန်ပီယံဟောင်း ရိုင်ကာကီနာနဲ့ ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ၆း၄၊၄း၆၊၆း၃ ဆိုတဲ့ရလဒ်နဲ့ အန်ဒရီဗာအနိုင်ရခဲ့တာ ဖြစ်ပါတယ်။

အန်ဒရီဗာဟာ ဒုတိယအဆင့်မှာ ဝင်ဘယ်ဒန် ချန်ပီယံဟောင်း ဗွန်ဒရော့ဆိုဗာကို အနိုင်ယူခဲ့သလို ကွာတားဖိုင်နယ်မှာလည်း ပိုလန်တင်းနစ်မယ်ဆွီယာတက်ခ်ကို အနိုင်ရခဲ့ဝာာဖြစ်လို့ ၂၀၀၄ ခုနှစ်က ရှာရာပိုဗာ နောက်ပိုင်း WTA ပြိုင်ပွဲတစ်ခုတည်းမှာ ဂရင်းစလမ် ချန်ပီယံ ၃ ဦးကို အနိုင်ရတဲ့ အသက်အငယ်ဆုံးတင်းနစ်မယ်လည်းဖြစ်လာခဲ့ပါတယ်။ ဗိုလ်လုပွဲမှာတော့ အန်ဒရီဗာဟာ ဒိန်းမတ်တင်းနစ် မယ် တော်ဆန်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။