အင်ဒီးယန်းဝဲလ်ပြိုင်ပွဲမှာ အမေရိကန်အမျိုးသမီးတင်းနစ်မယ်တွေ ၂၄ နှစ်ကြာ ချန်ပီယံမဖြစ်မှုကို အခုနှစ်မှာ အဆုံးသတ်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ အမေရိကန်တင်းနစ်မယ် မက်ဒီဆင် ကီးစ်က ပြောကြားလိုက်ပါတယ်။

လက်ရှိကမ္ဘာ့အဆင့် ထိပ်ဆုံး ၅ ယောက်အတွင်းမှာ အမေရိကန်တင်းနစ်မယ် ၃ ယောက်အထိ ပါဝင်နေတာ ဖြစ်ပါ တယ်။ ကိုကိုဂတ်ဖ်က ကမ္ဘာ့အဆင့် ၃ နေရာမှာရပ်တည်နေသလို ပီဂူလာက ကမ္ဘာ့အဆင့် ၄ နဲ့ မက်ဒီဆင်ကီးစ်က ကမ္ဘာ့အဆင့် ၅ နေရာမှာ ရပ်တည်နေကြတာဖြစ်ပြီး ဒီ ၃ ယောက်စလုံးက အခုတစ်ပတ်မှာ စတင်မယ့် အင်ဒီးယန်း ဝဲလ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ မက်ဒီဆင်ကီးစ်ကတော့ အခုနှစ်ရဲ့ ပထမဆုံး ဂရင်းစလမ် ပြိုင်ပွဲဖြစ်တဲ့ ဩစတြေးလျအိုးပင်းပြိုင်ပွဲမှာ ချန်ပီယံဆုကို ရရှိထားတာ ဖြစ်ပါတယ်။

၂၀၀၁ အင်ဒီးယန်းဝဲလ်ပြိုင်ပွဲ မှာ အမေရိကန်တင်းနစ်မယ် ဆီရီနာဝီလျံ ချန်ပီယံဖြစ်ပြီးနောက်ပိုင်း အမေရိကန်အမျိုးသမီး တင်းနစ်မယ်တွေဟာ အင်ဒီးယန်းဝဲလ်ပြိုင်ပွဲရဲ့ ချန်ပီယံဆုနဲ့ ဝေးကွာနေခဲ့တာဖြစ်ပါတယ်။ စိတ်လှုပ်ရှားဖို့ ကောင်းသလို အမေရိကန် တင်းနစ်မယ်တွေ အကောင်းဆုံးကြိုးစားပြီး ချန်ပီယံမဖြစ်မှုကို အဆုံးသတ်နိုင်ဖို့ မျှော်လင့်ထားပါတယ်လို့ မက်ဒီဆင်ကီးစ်က ပြောသွားခဲ့ပါတယ်။