အီတလီအိုးပင်းတင်းနစ် အမျိုးသားတစ်ဦးချင်း ကွာတားဖိုင်နယ်မှာ စပိန်နိုင်ငံသား အယ်ကာရက်ဇ်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာ အခွင့်အရေးတွေ ဖြုန်းတီးခဲ့မှုအတွက် စိတ်ပျက်မိတယ်လို့ ဗြိတိန်တင်းနစ်သမား ဒရာပါက ပြောသွားပါ တယ်။ အသက် ၂၃ နှစ်အရွယ် ကမ္ဘာ့အဆင့် ၅ မှာ ရပ်တည်နေတဲ့ ဒရာပါဟာ ကမ္ဘာ့အဆင့် ၃ အယ်ကာရက်ဇ်နဲ့ ဆုံတဲ့ပွဲရဲ့ ပထမပွဲလတ်မှာ ၄ ပွဲ ၂ ပွဲနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပထမပွဲလတ်အပြီးမှာ ရှုံးနိမ့်ခဲ့ရပါတယ်။

ဒုတိယပွဲလတ်မှာလည်း ဒရာပါဟာ တချို့အဆုံးအဖြတ်ရိုက်ချက်တွေ အမှားများခဲ့လို့ အယ်ကာရက်ဇ် အသာစီး ရခဲ့ပြီး ပွဲအပြီးမှာတော့ အယ်ကာရက်ဇ်က (၆း၄၊၆း၄)ဆိုတဲ့ရလဒ်နဲ့ အနိုင်ရကာ ဆီမီးဖိုင်နယ်ကို တက်ရောက် ခွင့်ရသွားခဲ့တာ ဖြစ်ပါတယ်။ ဒရာပါဟာ ပြီးခဲ့တဲ့ မက်ဒရစ်အိုးပင်းမှာ ဗိုလ်လုပွဲအထိ ရောက်ခဲ့သလို အခုပြိုင်ပွဲမှာ လည်း ချန်ပီယံဆုရဖို့ ပစ်မှတ်ထားခဲ့ပေမယ့် ကွာတားဖိုင်နယ်အဆင့်ကနေပဲ ထွက်လိုက်ရတာပါ။ အယ်ကာရက်ဇ် ကတော့ ပြင်သစ်အိုးပင်းအကြို မြေစေးကွင်းပွဲတွေမှာ ရလဒ်ကောင်းရယူနိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ် အဆင့်မှာတော့ အယ်ကာရက်ဇ်ဟာ ဆီဒင်အဆင့် ၈ ရထားတဲ့ အီတလီတင်းနစ်သမား မူဆက်တီနဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။