စနေညက ကစားသွားတဲ့ မက်ဒရစ်အိုးပင်းတင်းနစ် အမျိုးသမီးတစ်ဦးချင်းဗိုလ်လုပွဲမှာ ဆာဘာလန်ကာ အနိုင်ရပြီး ချန်ပီယံဆုကို ရယူသွားခဲ့ပါတယ်။

ဗိုလ်လုပွဲမှာ ကမ္ဘာ့အဆင့် ၁ ဆာဘာလန်ကာနဲ့ အမေရိကန်တင်းနစ်မယ် ကိုကိုဂတ်ဖ်တို ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး ဆာဘာလန်ကာက ပွဲချိန်တောက်လျှောက်လက်စွမ်းအသာနဲ့ ဖိကစားသွားနိုင်ခဲ့ပ့တယ်။အခုပွဲမှာ ဆာဘာလန်ကာက အမှားအယွင်း နည်းခဲ့ပြီး ဆီမီးဖိုင်နယ်မှာ ဆွီယာတက်ခ်ကို အနိုင်ယူလာခဲ့တဲ့ ကိုကိုဂတ်ဖ်က တော့ ဒီပွဲမှာ ယုံကြည်မှုပျောက်ဆုံးနေခဲ့ တာဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း ပွဲအပြီးမှာ ဆာဘာလန်ကာက (၆:၃၊၇:၆) ဆိုတဲ့ရလဒ်နဲ့အနိုင်ရပြီး ကစားသမားဘဝ ၃ ခုမြောက် မက်ဒရစ်အိုးပင်းချန်ပီယံဆုကိုရယူခဲ့သလို ချက်ဇ်တင်းနစ်မယ် ဗီတိုဗာရဲ့ မက်ဒရစ်အိုးပင်းချန်ပီယံဆု အများဆုံးရတဲ့ စံချိန်ကို လည်း လိုက်မီသွားခဲ့ပါတယ်။ဗိုလ်လုပွဲမှာ အကောင်းဆုံး ယှဉ်ပြိုင်ပေး ခဲ့တဲ့ ကိုကိုဂတ်ဖ်ကို ကျေးဇူးတင်သလို အခုပြိုင်ပွဲမှာ ချန်ပီယံဆုရအောင် ကူညီပေး ခဲ့တဲ့ မိမိရဲ့ အသင်းကိုလည်း ဂုဏ်ပြု ပါတယ်လို ဆုလက်ခံရယူအပြီးမှာ ဆာဘာလန်ကာကပြောသွားပါတယ်။