ကျင်းပနေတဲ့ French Open တင်းနစ်ပြိုင်ပွဲရဲ့ တတိယအဆင့် ပွဲစဉ်တွေထဲမှာ ဗြိတိန် နံပါတ်-၁ တင်းနစ်သမား Jack Draper က ဘရာဇီးရဲ့ Joao Fonseca ကို ၃ ပွဲပြတ်နဲ့ အနိုင်ယူပြီး ၁၆ ယောက် ယှဉ်ပြိုင်ရမယ့် နောက်တဆင့်ကို တက်ရောက်သွားတယ်လို SkySports သတင်းမှာ ဖေါ်ပြပါတယ်။

ဂျက် ဒရိတ်ပါ ဟာ ကမ္ဘာ့ အဆင့်-၅ ဖြစ်ပြီး ဘရာဇီး တင်းနစ်သမားက အသက် ၁၈ ပဲ ရှိသေးပြီး ကမ္ဘာ့ အဆင့် ၅၉ ဖြစ်ပါတယ်။ ဂျက် ဒရိတ်ပါ ဟာ ကျင်းပနေတဲ့ French Open မှာ နိုင်ခြေ အဆင့် ၅ သတ်မှတ်ခံထားရတဲ့ တင်းနစ်သမား ဖြစ်ပါတယ်။ ကျွန်တော် ကောင်းကောင်း ကစားနိုင်ခဲ့တယ်လို Jack Draper က ပွဲအပြီးမှာ ပြောပါတယ်။ ပထမဆုံးပွဲငယ်က အရေးကြီးတယ်လို ကျွန်တော် ခံစားမိခဲ့ပါတယ် လိုလည်း သူက ပြောသွားပါတယ်။ သူဟာ ပြိုင်ဘက်ကို ၆-၂ ၊ ၆-၄ ၊ ၆-၂ နဲ့ အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။

သူတိုနှစ်ဦးဟာ အခုတစ်ကြိမ်နဲ့ဆိုရင် ATP Tour ပြိုင်ပွဲတွေမှာ ဒုတိယ အကြိမ် တွေ့ဆုံကြတာ ဖြစ်တယ်လို ဆိုပါတယ်။ ပထမ အကြိမ်တွေ့ကြတုန်းကလည်း သူကပဲ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ French Open တင်းနစ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် အဆင့်မှာ ဂျက် ဒရိတ်ပါ ဟာ ကမ္ဘာ့အဆင့်-၁ ဖြစ်တဲ့ အီတလီ တင်းနစ်သမား ဂျန်းနစ် ဆင်းနား Jannik Sinner နဲ့ တွေ့ဆုံဖွယ်ရှိတယ်လို ခန့်မှန်းနေကြပါတယ်။