ပွဲပယ်ပြစ်ဒဏ် ပြီးဆုံးပြီးနောက် တင်းနစ်ပြိုင်ပွဲတွေ ပြန်လည်ယှဉ်ပြိုင်နိုင်တော့မှာဖြစ်လို့ ပျော်ရွှင်မိတယ်လို့ ကမ္ဘာ့အဆင့်-၁ အီတလီတင်းနစ်သမား ဆင်နာက ပြောသွားခဲ့ပါတယ်။ ဆင်နာဟာ ပြီးခဲ့တဲ့နှစ်က တားမြစ်ဆေး စစ်ဆေးမှု ၂ ကြိမ် ကျရှုံးခဲ့ပြီးနောက် အခုနှစ် ဖေဖော်ဝါရီလမှာ ၃ လပွဲပယ်ပြစ်ဒဏ် ချမှတ်ခံလိုက်ရတာ ဖြစ်ပါ တယ်။

ဆင်နာရဲ့ ပွဲပယ်ပြစ်ဒဏ်က မေလ ၅ ရက်မှာ ပြည့်သွားခဲ့ပြီဖြစ်တာကြောင့် အသက် ၂၅ နှစ်အရွယ် ဆင်နာဟာ အခုတစ်ပတ်စတင်မယ့် အီတလီအိုးပင်းပြိုင်ပွဲကို ဝင်ပြိုင်မှာ ဖြစ်ပါတယ်။ ဆင်နာဟာ မေလ ၉ ရက် မှာ အီတလီအိုးပင်း ပထမအဆင့်ကို ယှဉ်ပြိုင်မှာဖြစ်ပြီး ပွဲပယ်ပြစ်ဒဏ်ကျခံနေရတဲ့ ကာလအတွင်း ဂရင်းစလမ် ပြိုင်ပွဲတွေ တစ်ခုမှ မရှိခဲ့တာက သူ့အတွက် ကံကောင်းမှုတစ်ခု ဖြစ်ခဲ့ပါတယ်လို့ ပြောခဲ့ပါတယ်။

ဆင်နာဟာ အီတလီအိုးပင်းပြိုင်ပွဲကို မကြာခင်မှာ စတင်မယ့် ဂရင်းစလမ်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ ပြင်သစ်အိုးပင်း အကြိုပြင်ဆင်မှု အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အီတလီအိုးပင်း ပထမအဆင့်မှာ ဆင်နာဟာ ကမ္ဘာ့အဆင့် ၉၉ မှာ ရပ်တည်နေတဲ့ အာဂျင်တီးနားနိုင်ငံသား နာဗိုနီနဲ့ အသက် ၁၈ နှစ်အရွယ် အီတလီနိုင်ငံသား ဆီနာတို့ထဲက တစ်ယောက်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။