ကမ္ဘာ့အဆင့် ၁ အီတလီတင်းနစ်သမား ဆင်နာဟာ တနင်္လာညက ယှဉ်ပြိုင်ခဲ့တဲ့ ပြင်သစ်အိုးပင်းတင်းနစ် အမျိုးသားတစ်ဦးချင်း ပထမအဆင့်မှာ အနိုင်ရခဲ့ပြီး ဒုတိယအဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။ ဆီဒင်အဆင့် ၁ ရထားတဲ့ ဆင်နာဟာ ပထမအဆင့်ပွဲအဖြစ် ပြင်သစ်နိုင်ငံသား ရင်ဒါနက်ချ်နဲ့ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး ဆင်နာ အတွက် သက်သောင့်သက်သာ ကစားခဲ့ရတဲ့ပွဲလည်း ဖြစ်ခဲ့ပါတယ်။

ပွဲအပြီးမှာတော့ ဆင်နာက (၆း၄၊၆း၃၊ရး၅) ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ဒုတိယအဆင့်ကို တက်ရောက်သွားနိုင်ခဲ့တာပါ။ အခုနှစ်အစပိုင်းမှာ ကျင်းပတဲ့ ဩစတြေးလျ အိုးပင်းမှာ အနိုင်ရထားခဲ့တဲ့ ဆင်နာအတွက် အခုနိုင်ပွဲက ဂရင်းစလမ်ပွဲစဉ် ၁၅ ပွဲဆက် အနိုင်ရတာ ဖြစ်ပြီး ပွဲပယ်ပြစ်ဒဏ်ကျခံရပြီးနောက်ပိုင်းပထမဆုံး ဂရင်းစလမ် ပြိုင်ပွဲလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အခုလအစောပိုင်းကမှ ၃ လပွဲပယ်ပြစ်ဒဏ် ပြည့်ခဲ့တဲ့ ဆင်နာရဲ့ ချန်ပီယံဆုမျှော်လင့်ချက်အတွက် အကောင်းဆုံးပုံစံမှာရှိနေတယ် ဆိုတာကို ပြသသွားနိုင်ခဲ့ ပါတယ်။ ဆင်နာဟာ ဒုတိယအဆင့်မှာလည်း ပြင်သစ်နိုင်ငံသားပဲ ဖြစ်တဲ့ ဂက်စ်ကွက်နဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲဖြစ်လာနိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။