ပြင်သစ်အိုးပင်းတင်းနစ် အမျိုးသားတစ်ဦးချင်း လက်ရှိချန်ပီယံ စပိန်နိုင်ငံသား အယ်ကာရက်ဇ်ဟာ အခုနှစ်ပြိုင်ပွဲ မှာလည်း ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ ကွာတားဖိုင်နယ်အဆင့်မှာ အယ်ကာရက်ဇ်ဟာ ဆီဒင်အဆင့် ၁၂ ရထားတဲ့ အမေရိကန်နိုင်ငံသား တွမ်မီပေါလ်နဲ့ ယှဉ်ပြိုင်ခဲ့ရတာပါ။

အယ်ကာရက်ဇ်ဟာ ပေါလ်ကို အနိုင်ရဖို့အတွက် ၉၄ မိနစ်သာ ကြာခဲ့ပြီး ပွဲအပြီးမှာတော့ (၆း၀၊၆း၁၊၆း၄)ဆိုတဲ့ရလဒ်နဲ့ အနိုင်ရကာ ဆီမီးဖိုင်နယ် အဆင့်ကို တက်ရောက်ခွင့် ရသွားခဲ့တာဖြစ်ပါတယ်။ လက်စွမ်းကို အကောင်းဆုံးပုံစံမှာ ရှိနေဖို့ အမြဲတမ်း ကြိုးစား နေခဲ့သလို ပရိသတ်တွေရဲ့ အားပေးမှုအတွက်လည်း ကျေးဇူးတင်ပါတယ်လို့ ပွဲအပြီးမှာ အယ်ကာရက်ဇ်က ပြော သွားခဲ့ပါတယ်။

ဆီမီးဖိုင်နယ်အဆင့်မှာ ဆီဒင်အဆင့် ၂ အယ်ကာရက်ဇ်နဲ့ အသက် ၂၃ နှစ်အရွယ် အီတလီနိုင်ငံသား မူဆက်တီတို့ ဆုံတွေ့မှာ ဖြစ်ပါတယ်။ ဆီဒင်အဆင့် ၈ ရထားတဲ့ မူဆက်တီဟာ ကွာတားဖိုင်နယ်အဆင့်မှာ အမေရိကန်တင်းနစ်သမား တီယာဖိုကို အကြိတ်အနယ်ကစားပြီးမှ ဂရင်းစလမ် ဆီမီးဖိုင်နယ်ကို ကစားသမားဘဝ ဒုတိယအကြိမ်မြောက်အဖြစ် တက်ရောက်ခွင့် ရခဲ့တာဖြစ်ပါတယ်။