ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ်ရဲ့ နည်းပြအဖြစ် ၆ လကြာ တာဝန်ယူခဲ့ပြီးနောက် အင်ဒီမာရေးနဲ့ ဂျိုကိုဗစ် တို့ ပူးပေါင်းဆောင်ရွက်မှုကို အဆုံးသတ်လိုက်ကြပြီလို့ သိရပါတယ်။ ဗြိတိန်တင်းနစ်သမားဟောင် အင်ဒီမာရေး ဟာ အခုနှစ် ဩစတြေးလျအိုးပင်းပြိုင်ပွဲ မတိုင်ခင်မှာ ဂျိုကိုဗစ်ရဲ့ နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတာပါ။

ဒါပေမဲ့ ၆ လ အတွင်း ဂျိုကိုဗစ်ဟာ ဆုဖလားအောင်မြင်မှု မရခဲ့တာကြောင့် သူတို့ ၂ ယောက်ရဲ့ လက်တွဲမှုကို အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ မေလ ၂၅ ရက်မှာ စတင်မယ့် ပြင်သစ်အိုးပင်းပြိုင်ပွဲ မတိုင်ခင်မှာ အခုလိုမျိုး နည်းပြ မာရေးနဲ့ လက်တွဲမှုကို အဆုံးသတ်လိုက်တဲ့ ဂျိုကိုဗစ်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ အံ့အား သင့်နေကြပါတယ်။ နည်းပြအဖြစ် အခွင့်အရေးပေးခဲ့တဲ့ ဂျိုကိုဗစ်ကို ကျေးဇူးတင်သလို ဂျိုကိုဗစ်အနေနဲ့ ရာသီ ကုန်အထိ အကောင်းဆုံးပုံစံနဲ့ ယှဉ်ပြိုင်နိုင်ဖို့ မျှော်လင့်ပါတယ်လို့ အင်ဒီမာရေးက ကြေညာချက်မှာ ရေးထားပါ တယ်။

အခုနှစ်ရဲ့ ပထမဆုံး ဂရင်းစလမ်ပြိုင်ပွဲဖြစ်တဲ့ ဩစတြေးလျအိုးပင်းမှာ ဆီမီးဖိုင်နယ်အထိ ရောက်ခဲ့တဲ့ ဂျိုကိုဗစ်ဟာ ဒုတိယမြောက် ဂရင်းစလမ်ပြိုင်ပွဲဖြစ်တဲ့ ပြင်သစ်အိုးပင်းပြိုင်ပွဲမှာ ရလဒ်ကောင်း ရဖို့ မျှော်လင့် နေတာဖြစ်ပြီး ပြင်သစ်အိုးပင်းမတိုင်ခင် နည်းပြသစ် ခန့်အပ်နိုင်ဖို့ကို ကြိုးစားရတော့မှာလည်း ဖြစ်ပါတယ်။