ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ်ဟာ လာမယ့် ဂျီနီဗာအိုးပင်းနဲ့ ပြင်သစ်အိုးပင်း ပြိုင်ပွဲ ၂ ခုအတွက် နည်းပြ အဖြစ် ကာလရှည်ခင်မင်လာခဲ့တဲ့ သူငယ်ချင်း ဒူဆန် ဗီမစ်ကို ခန့်အပ်လိုက်တယ်လို့ အတည်ပြုခဲ့ပါတယ်။ အသက် ၄၈ နှစ်အရွယ် ဗီမစ်ဟာ ဘီလီဂျင်ကင်းစ် အသင်းလိုက်တင်းနစ်ပြိုင်ပွဲမှာ ဆားဘီးယားအသင်း ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ဖူးသလို ဂျိုကိုဗစ်နဲ့လည်း အမျိုးသားနှစ်ယောက်တွဲ ပြိုင်ပွဲတွေမှာ ပြိုင်ပွဲအတူ ဝင်ပြိုင်ခဲ့ဖူးတာ ဖြစ်ပါ တယ်။

ဂျိုကိုဗစ်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာတုန်းက နည်းပြသစ်အဖြစ် ခန့်အပ်ထားခဲ့တဲ့ အင်ဒီမာရေးနဲ့ လက်တွဲ ဖြုတ်တော့မှာဖြစ်တယ်လို့ မေလ ၁၃ ရက်က ကြေညာခဲ့ပြီးနောက် နည်းပြသစ်ကို ရှာဖွေနေခဲ့တာဖြစ်ပြီး လက်ရှိ မှာတော့ လာမယ့် ပြိုင်ပွဲ ၂ ခုအတွက် နည်းပြသစ်ကို ခန့်အပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဂရင်းစလမ်ချန်ပီယံဆု ကို စံချိန်တင်အဖြစ် ၂၄ ကြိမ်အထိ ရရှိထားတဲ့ ဂျိုကိုဗစ်ဟာ လက်ရှိမှာတော့ ဂျီနီဗာအိုးပင်းပြိုင်ပွဲဝင်ပြိုင်ဖို့အတွက် နည်းပြသစ် ဗီမစ်နဲ့အတူ လေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။နည်းပြ ဗီမစ်ကတော့ နာမည်ကြီးတင်းနစ်သမားတွေ ဖြစ်ကြတဲ့ ဘရိုင်ယန် ညီအစ်ကိုအပြင် ပက်ကိုဗစ်နဲ့ နာကာရှီးမား တို့လို ကစားသမားတွေကို လေ့ကျင့်ပေးခဲ့ဖူးသူ ဖြစ်ပါတယ်။ ဂျိုကိုဗစ်ဟာ ဂျီနီဗာအိုးပင်း ပထမအဆင့်အဖြစ် ဟန်ဂေရီ တင်းနစ်သမား ဖက်ဆိုဗစ်နဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေတာဖြစ်ပါတယ်။