ပြင်သစ်တင်းနစ်သမား ဂက်စ်ကွက်စ်ဟာ ၂၃ နှစ်ကြာ ဖြတ်သန်းလာခဲ့တဲ့ တင်းနစ်အားကစားကနေ မေလ ၂၉ ရက်မှာ အနားယူလိုက်ပြီ ဖြစ်ပါတယ်။ ပြင်သစ်အိုးပင်း ဒုတိယအဆင့်မှာ ကမ္ဘာ့အဆင့် ၁ အီတလီတင်းနစ်သမား ဆင်နာကို (၆း၃၊၆း၀၊၆း၄)နဲ့ ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီးနောက် ဂက်စ်ကွက်စ်ဟာ တင်းနစ်အားကစား ကနေ အနားယူသွားခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၈ နှစ်အရွယ် ဂက်စ်ကွက်စ်ကို လာရောက်ကြည့်ရှုတဲ့ ပရိသတ် တွေက မတ်တပ်ရပ်ပြီး ဂုဏ်ပြုခဲ့ကြသလို ဂျိုကိုဗစ်နဲ့ ဆွန်ဂါတို့ကလည်း ရုပ်သံကနေတစ်ဆင့် ဂက်စ်ကွက်စ် အတွက် အမှတ်တရ ဂုဏ်ပြုစကားတွေ ပြောပေးခဲ့ကြပါတယ်။ ဂက်စ်ကွက်စ်ဟာ အခုနှစ် ပြင်သစ်အိုးပင်းက သူ့ရဲ့ကစားသမားဘဝ နောက်ဆုံး ပြိုင်ပွဲဖြစ်လိမ့်မယ်လို့ အခုနှစ်အစောပိုင်းကတည်းက ပြောထားခဲ့တာဖြစ် ပါတယ်။ တင်းနစ်ကွင်းအတွင်းမှာ နောက်ဆုံးပွဲစဉ်ကို ကစားရတဲ့ ခံစားချက်က အိပ်မက်ဆန်ခဲ့သလို တင်းနစ်ကို နောက်ဆုံးအချိန်အထိ ဆက်ချစ်နေဦးမှာ ဖြစ်တယ်လို့ ဂက်စ်ကွက်စ်က ပြောသွားခဲ့ပါတယ်။

ပြင်သစ် အိုးပင်းရဲ့ ချန်ပီယံအများဆုံးဆုရှင် စပိန်တင်းနစ်သမား နာဒယ်ကလည်း သူ့ရဲ့လူမှုကွန်ရက်မှာ ဂက်စ်ကွက်စ်ကို ဂုဏ်ပြု ကြောင်း ရေးသားထားခဲ့သလို တင်းနစ်ပြိုင်ပွဲတွေမှာ ပြိုင်ဘက်တွေအဖြစ် အကောင်းဆုံး ယှဉ်ပြိုင်ပေးခဲ့တဲ့ အမှတ်တရတွေအတွက် ဂက်စ်ကွက်စ်ကို ကျေးဇူးတင်တယ်လို့ ရေးသားခဲ့ပါတယ်။