စတုဂတ်အိုးပင်းတင်းနစ် အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲမှာ လတ်ဗီးယားတင်းနစ်မယ် အော်စတာပန်ကို အနိုင် ရပြီး ချန်ပီယံဆုကို ရယူသွားခဲ့ပါတယ်။ ဗိုလ်လုပွဲမှာ အော်စတာပန်ကိုနဲ့ ကမ္ဘာ့အဆင့်-၁ ဘီလာရုစ် တင်းနစ်မယ် ဆာဘာလန်ကာတို့ ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ဆာဘာလန်ကာ အသာစီးရလိမ့်မယ်လို့ အားလုံးက မျှော်လင့်ထားခဲ့ကြ တာပါ။

အော်စတာပန်ကိုဟာ ဆာဘာလန်ကာနဲ့ အရင်ကဆုံတွေ့ခဲ့တဲ့ ၃ ကြိမ်စလုံး ရှုံးနိမ့် ထားခဲ့ဖူးတာဖြစ်ပေ မယ့် အခုပွဲမှာတော့ အကောင်းဆုံးပုံစံနဲ့အတူ ဆာဘာလန်ကာကို ဖိအားပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပွဲအပြီးမှာ တော့ အော်စတာပန်ကိုက (၆း၄၊၆း၁)ဆိုတဲ့ရလဒ်နဲ့ အနိုင်ယူခဲ့ပြီး ချန်ပီယံဆုကို ရယူသွား နိုင်ခဲ့တာဖြစ်ပါတယ်။ အော်စတာပန်ကိုဟာ အခုပြိုင်ပွဲမှာ နာမည်ကြီးတင်းနစ်မယ်တွေဖြစ်တဲ့ ဆွီယာတက်ခ်၊ အလက်ဇန်ဒရိုဗာတို့ကို အနိုင်ယူကျော်ဖြတ်ခဲ့တာဖြစ်သလို ဗိုလ်လုပွဲမှာလည်း ဆာဘာလန်ကာကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ် အော်စတာပန်ကိုအတွက် အခုချန်ပီယံဆုဟာ ကစားသမားဘဝ ၉ ခုမြောက် WTA တိုး ချန်ပီယံ ဖြစ် သလို ၂၀၁၇ ပြင်သစ်အိုးပင်းမှာ အနိုင်ရပြီးနောက်ပိုင်း မြေစေးကွင်းပြိုင်ပွဲတစ်ခုမှာ ပထမဆုံးအကြိမ် အနိုင်ရခဲ့ တာလည်း ဖြစ်ပါတယ်။