ပြင်သစ်အိုးပင်း တစ်ဦးချင်းချန်ပီယံဆုကို ၃ ကြိမ်ရရှိထားတဲ့ ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ်ဟာ တနင်္လာနေ့က ယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာအနိုင်ရခဲ့ပြီးနောက် ပြင်သစ်အိုးပင်းနိုင်ပွဲ ၁၀၀ ပြည့်ခဲ့ပါတယ်။ ပြင်သစ် အိုးပင်း တင်းနစ် အမျိုးသားတစ်ဦးချင်း စတုတ္ထအဆင့်ပွဲအဖြစ် ဂျိုကိုဗစ်နဲ့ ဗြိတိန်တင်းနစ်သမား နော်ရီတို့ ယှဉ်ပြိုင်ခဲ့ ကြတာဖြစ်ပြီး ဂျိုကိုဗစ်က (၆း၂၊၆း၃၊၆း၂)ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

နော်ရီကို အနိုင်ရခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ခြင်းနဲ့အတူ ဂျိုကိုဗစ်ဟာ စပိန်တင်းနစ်သမား နာဒယ်ပြီးနောက် ပြင်သစ်အိုးပင်းနိုင်ပွဲ ၁၀၀ ပြည့်တဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။ နာဒယ်ကတော့ ပြင်သစ်အိုးပင်းနိုင်ပွဲ ၁၁၂ ပွဲနဲ့ နိုင်ပွဲအများဆုံးကစားသမားအဖြစ် မှတ်တမ်းတင်ထားပါတယ်။ ကွာတားဖိုင်နယ်အဆင့်မှာ ဂျိုကိုဗစ်ဟာ ဆီဒင် အဆင့် ၃ ရထားတဲ့ ဂျာမနီတင်းနစ်သမား ဗီရက်ဗ်နဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ အသက် ၃၈ နှစ်အရွယ် ဂျိုကိုဗစ်ကတော့ ပြင်သစ်အိုးပင်းနိုင်ပွဲ ၁၀၀ ပြည့်ခဲ့တဲ့အတွက် ပျော်ရွှင်မိသလို နောက်ထပ်နိုင်ပွဲတွေ ထပ်မံရယူ နိုင်ဖို့ကိုလည်း ကြိုးစားသွားမှာဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။