ဝင်ဘယ်ဒန်ဂုဏ်ပြုပွဲမှာ အမျိုးသားတစ်ဦးချင်း ချန်ပီယံ ဆင်နာနဲ့ အမျိုးသမီး တစ်ဦးချင်း ချန်ပီယံ ဆွီယာတက်ခ် တို ပရိသတ်တွေကို အကနဲ့ဖျော်ဖြေခဲ့ကြပါတယ်။ ဆွီယာတက်ခ်ကအမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲမှာ အနိုင်ရပြီး နောက် ဝင်ဘယ်ဒန်ဆုကို ရယူနိုင်တဲ့ ပထမဆုံး ပိုလန်တင်းနစ်မယ်အဖြစ် မှတ်တမ်းဝင်ခဲ့သလို အီတလီနိုင်ငံသား ဆင်နာကလည်း ဗိုလ်လုပွဲမှာ ပြိုင်ဘက် အယ်ကာရက်ဇ်ကို အနိုင်ယူပြီး ဝင်ဘယ်ဒန်ချန်ပီယံဆုကို ပထမဆုံး အကြိမ် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဝင်ဘယ်ဒန်ပြိုင်ပွဲရဲ့ အစဉ်အလာအတိုင်း ချန်ပီယံဖြစ်ခဲ့တဲ့ ကစားသမားတွေဟာ ပရိသတ်တွေကို အကနဲ့ ဖျော်ဖြေ ပေးရတာဖြစ်ပြီး ဆင်နာနဲ့ ဆွီယာတက်ခ်တိုကလည်း တွဲဖက်ညီညီ ကပြနိုင်ခဲ့ကြပါတယ်။ ချန်ပီယံ ၂ ဦးရဲ့ ကပြ ဖျော်ဖြေမှုအပြီးမှာတော့ ပရိသတ်တွေ နှစ်သက်သဘောကျခဲ့ပြီး လက်ခုပ်တွေတီးကာ ဂုဏ်ပြုပေးခဲ့ကြပါတယ်။

ကမ္ဘာ့အဆင့် ၁ အီတလီတင်းနစ်သမား ဆင်နာဟာ တားမြစ်ဆေး သုံးစွဲကြောင်း စစ်ဆေးတွေ့ရှိခဲ့ရလို ၃ လပွဲပယ် ပြစ်ဒဏ်ကျခံရပြီးနောက် ၁၀ ပတ်အကြာမှာပဲ ဝင်ဘယ်ဒန်ပြိုင်ပွဲ ချန်ပီယံဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့ အဆင့် ၃ နေရာမှာ ရပ်တည်နေတဲ့ ပိုလန်တင်းနစ်မယ် ဆွီယာတက်ခ် ကလည်း သူမရဲ့ ကစားသမားဘဝ ၆ ခု မြောက် ဂရင်းစလမ်ချန်ပီယံဆုအဖြစ် ဝင်ဘယ်ဒန်ချန်ပီယံဆုကို ရယူနိုင် တာဖြစ်ပါတယ်။