ဗြိတိန်တင်းနစ်မယ် ရာဒူကာနူဟာ စထရက်ဘော့အိုးပင်း ပထမအဆင့်မှာ နိုင်ပွဲရယူပြီး ဒုတိယအဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ ရာဒူကာနူဟာ ပထမအဆင့်မှာ ကမ္ဘာ့အဆင့် ၁၇ နေရာမှာ ရပ်တည်နေသလို အခုပြိုင်ပွဲမှာလည်း ဆီဒင်အဆင့် ၆ ရထားတဲ့ ရုရှားတင်းနစ်မယ် ကာဆက်ကီနာနဲ့ ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။

ကမ္ဘာ့အဆင့် ၄၃ မှာ ရပ်တည်နေတဲ့ ရာဒူကာနူဟာ ကာဆက်ကီနာနဲ့ ဆုံတွေ့ခဲ့ဖူးတဲ့ ၃ ပွဲစလုံးမှာ ရှုံးနိမ့်ထားခဲ့ တာဖြစ်လို့ အခုပွဲမှာလည်း ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ စောစောစီးစီးထွက်ရလိမ့်မယ်လို့ အားလုံးက သုံးသပ်ထားခဲ့ ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုပွဲမှာတော့ ရာဒူကာနူရဲ့ လက်စွမ်းက အကောင်းဆုံးပုံစံမှာ ရှိနေကာ ပွဲချိန် တောက်လျှောက် ကာဆက်ကီနာကို အသာစီးကနေ ကစားသွားနိုင်ခဲ့ပါတယ်။ ပွဲကစားချိန် ၁ နာရီနဲ့ ၁၉ မိနစ်သာ ကြာမြင့်ခဲ့ပြီးနောက်မှာ ရာဒူကာနူက ကာဆက်ကီနာကို (၆း၁၊၆း၁)ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ဒုတိယအဆင့်ကို တက်ရောက်ခွင့် ရသွားခဲ့တာ ဖြစ်ပါတယ်။

အခုပွဲက စွမ်းဆောင်ရည်အတွက် ဂုဏ်ယူရသလို လာမယ့် အဆင့် အတွက်ကိုလည်း အပြည့်အဝအာရုံစိုက်သွားမယ်လို့ အသက် ၂၂ နှစ်အရွယ် ရာဒူကာနူက ပြောသွားခဲ့ပါတယ်။ ဒုတိယအဆင့်ပွဲအဖြစ် ရာဒူကာနူဟာ အမေရိကန်တင်းနစ်မယ် ကောလင်းစ်နဲ့ ဆက်လက်ယှဉ်ပြိုင်သွားရမှာလည်း ဖြစ်ပါတယ်။