ဗြိတိန်ရေကူးသမား အဒမ် ပီတီက ၂၀၂၈ အိုလံပစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အိုလံပစ်ရွှေတံဆိပ်ဆု တွေ ထပ်မံရယူနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ပြောကြားသွားခဲ့ပါတယ်။

အိုလံပစ်ရွှေတံဆိပ်ဆုကို ၃ ကြိမ် ရယူထား တဲ့ ပီတီဟာ ပြီးခဲ့တဲ့ ၂၀၂၄ ပဲရစ် အိုလံပစ်ပြိုင်ပွဲရဲ့ မီတာ ၁၀၀ ရင်ပေါင်တန်း ရေကူးပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုကို ၃ ကြိမ်ဆက် ရယူနိုင်ဖို့ ရည်မှန်းထားခဲ့ပေမယ့် အီတလီနိုင်ငံသား မာတီနန်ဂီကို ၀ ဒသမ ၀၂ စက္ကန့်အကွာနဲ့ ရှုံးနိမ့်ခဲ့ ကာ ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ လာမယ့် ၂၀၂၈ လော့စ်အန်ဂျလိစ် အိုလံပစ်ပြိုင်ပွဲမှာတော့ မီတာ ၅၀ ရင်ပေါင်တန်း ရေကူးပြိုင်ပွဲကို ထည့်သွင်းကျင်းပမှာဖြစ်လို့ မီတာ ၅၀ ရင်ပေါင်တန်း ရေကူးမှာ လက်ရှိ ကမ္ဘာ့စံချိန်ရှင်ဖြစ်တဲ့ အဒမ်ပီတီ အနေနဲ့ အိုလံပစ်ရွှေတံဆိပ်ဆုကို ရယူနိုင်ဖို့ အားခဲနေတာဖြစ်ပါတယ်။

၂၀၂၈ အိုလံပစ်မှာ မီတာ ၅၀ ရင်ပေါင်တန်း ရေကူးပြိုင်ပွဲကို ထည့်သွင်းကျင်းပမယ်လို့ အတည်ပြုလိုက်ပြီဖြစ်တာကြောင့် ကစားသမားဘဝ ၄ ကြိမ်မြောက် အိုလံပစ်ပြိုင်ပွဲပါဝင်မှုအဖြစ် ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်လို့ ပီတီက လူမှု ကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ ၂၀၂၈ အိုလံပစ်ပြိုင်ပွဲကျင်းပချိန်မှာ ပီတီရဲ့အသက်က ၃၃ နှစ်ရှိလာမှာဖြစ်ပြီး မီတာ ၁၀၀ နဲ့ မီတာ ၂၀၀ ပြိုင်ပွဲတွေထက် မီတာ ၅၀ ပြိုင်ပွဲက ပီတီအတွက် ပိုအဆင်ပြေစေနိုင်မှာဖြစ်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။