ဩဂုတ်လ(၂၀)ရက်နေ့က ပြုလုပ်တဲ့ PFA ဆုချီးမြှင့်ပွဲမှာ မန်စီးတီးအသင်းရဲ့ အင်္ဂလန်တောင်ပံကစားသမား ဖိုဒန် က အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။
ဖိုဒန်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက မန်စီးတီးအသင်းနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်(၃၅)ပွဲ ကစားခဲ့ရာမှာ (၁၉)ဂိုးသွင်းကာ (၈)ဂိုး ဖန်တီးနိုင်ခဲ့တာပါ။
PFA အကောင်းဆုံးကစားသမားဆုရခဲ့တာက ဂုဏ်ယူဖို့ကောင်းသလို အားပေးခဲ့ကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူး တင်မိတယ်လို့ ဖိုဒန်က ပြောပါတယ်။
ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ်ဖလားကို (၄)နှစ်ဆက် ရယူနိုင်ခဲ့တာက မန်စီးတီးအသင်းအတွက် ကောင်းမွန်ခဲ့သလို အခုရာသီသစ်မှာလည်း အောင်မြင်မှုတွေရအောင် လုပ်ဆောင်သွား မယ်လို့ ဖိုဒန်က ဆက်လက်ပြောကြားခဲ့ပါသေးတယ်။
PFA အမျိုးသမီးအကောင်းဆုံး ကစားသမားဆုကိုလည်း ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်းနဲ့အတူ အမျိုးသမီးပရီးမီးယားလိဂ်(၁၈)ပွဲမှာ (၂၁)ဂိုးသွင်းယူပြီး ခြေစွမ်းပြခဲ့တဲ့ တိုက်စစ်မှူးရှောက ရရှိခဲ့ပါတယ်။