တရုတ်နိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမဲ့ 2025 China – Asean Cup ဖိတ်ခေါ် ပိုက်ကျော်ခြင်း ပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်း ပါဝင်ယှဉ်ပြိုင် သွားမယ်လို့ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ကနေ သိရပါတယ်။အဲဒီပြိုင်ပွဲကို ဇွန်(၁)ရက်ကနေ (၄)ရက်အထိ တရုတ်နိုင်ငံ Huishui(ဟွေ့ရှီ)မြို့မှာ ကျင်းပသွားမှာပါ။ ပြိုင်ပွဲမှာ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာနဲ့ တရုတ်နိုင်ငံက ပိုက်ကျော်ခြင်း အဖွဲ့တွေ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ အမျိုးသားအသင်းနဲ့ အမျိုးသမီးအသင်း (၂)သင်း ပါဝင်ယှဥ်ပြိုင်မှာဖြစ်ပြီး ပြိုင်ပွဲ အမျိုးအစားအနေနဲ့ (၃)ယောက်တွဲနဲ့ (၄)ယောက်တွဲ ပြိုင်ပွဲ နှစ်ရပ်ကို ယှဥ်ပြိုင်ကြမှာ ဖြစ်တယ်လို့ သိရ ပါတယ်။ အခုပြိုင်ပွဲအတွက် ကစားသမားတွေတွေထဲမှာ ပြီးခဲ့တဲ့ India World Cup ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြတဲ့ ဇော်မင်းခန့်နဲ့သန့်ဇင်ထွန်းတို့နှစ်ယောက် ပြန်လည်ပါဝင်လာသလို ဇင်မင်းဦး၊ အောင်အောင်၊ ရဲထက်နဲ့ဟန်ဝင်းထွဋ်တို့ ပါဝင်လာတယ်လို့ သိရပါတယ်။