တရုတ်နိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခဲ့တဲ့ 2025 China – Asean Cup ဖိတ်ခေါ် ပိုက်ကျော်ခြင်း ပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင်အသင်းဟာ ရွှေ(၂)ခုနဲ့ ကြေး(၂)ခု ဆွတ်ခူးနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်း အဖွဲ့ကနေ သိရပါတယ်။မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ အမျိုးသား၊အမျိုးသမီး (၂)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲအမျိုးအစား အဖြစ်(၃)ယောက်တွဲနဲ့ (၄)ယောက်တွဲ ပြိုင်ပွဲကို ယှဉ်ပြိုင်ခဲ့ကြတာပါ။

အဲဒီပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင်အမျိုးသား(၃)ယောက်တွဲနဲ့(၄)ယောက်တွဲပြိုင်ပွဲတွေမှာ ရွှေတံဆိပ်(၂) ခု ရရှိခဲ့ပြီး အမျိုးသမီး (၃)ယောက်တွဲနဲ့(၄)ယောက်တွဲပြိုင်ပွဲတွေမှာ ကြေးတံဆိပ်(၂)ခု ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။အဲဒီ 2025 China–Asean Cup ဖိတ်ခေါ် ပိုက်ကျော်ခြင်း ပြိုင်ပွဲကို ဇွန်(၁)ရက်ကနေ (၄)ရက်အထိ တရုတ်နိုင်ငံ Huishui (ဟွေ့ရှီ) မြို့မှာ ကျင်းပခဲ့တာဖြစ်ပြီး အာဆီယံ(၈)နိုင်ငံက အသင်းတွေ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာဖြစ် တယ်လို့ သိရပါတယ်။