ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဇန်နဝါရီ၃၁ရက်ညပိုင်းက ကျင်းပတဲ့ ONE Friday Fights ပြိုင်ပွဲမှာ မြန်မာဖိုက်တာတွေဖြစ်တဲ့ အဲမွီနဲ့ စူပါရေချမ်းတို့ ပြိုင်ဘက်တွေကို အနိုင်ရခဲ့ပြီး မိုးထက်အောင်ကတော့ ထိုင်းဖိုက်တာကို အမှတ်နဲ့ ရှုံးနိမ့်သွားပါတယ်။

အဲမွီက ဂျပန်ဖိုက်တာမူဂါဆီတိုနဲ့ ထိုးသတ်ခဲ့တာဖြစ်ပြီး ဒုတိယအချီမှာအလဲထိုးနဲ့အနိုင်ရသွားတာပါ။အခုပွဲမှာ အနိုင်ရသွားတဲ့အဲမွီဟာ ဘောနပ်စ်အဖြစ် ဘတ်သုံးသိန်းခွဲ ရရှိသွားတယ်လို့လည်း သိရပါတယ်။

နောက်ထပ်မြန်မာဖိုက်တာတစ်ယောက်ဖြစ်တဲ့ စူပါရေချမ်းကလည်း ထိုင်းဖိုက်တာဒန့်ခ်ကို ပထမအချီမှာပဲ အလဲထိုးနဲ့ အန်ိုင်ရသွားတာပါ။မိုးထက်အောင်နဲ့ ထိုင်းဖိုက်တာဆာမင်ဒမ်တို့ရဲ့ ပွဲမှာတော့ မိုးထက်အောင်က သုံးချီအပြည့်ထိုးသတ်ပြီး အမှတ်နဲ့ရှုံးနိမ့်သွားတာဖြစ်ပါတယ်။