MLWC – 9(Myanmar Lethwei World Championship)မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကို စက်တင် ဘာလ(၂၂)ရက်နေ့မှာ ရန်ကုန်မြို့ရှိ သိမ်ဖြူရိုးရာလက်ဝှေ့အားကစားရုံကြီးမှာကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။
အဲဒီ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကိုတော့ (Myanmar Martial Arts Group)က စီစဉ်ကျင်းပတာဖြစ်ပြီး မြန်မာ့လက်ဝှေ့ကျော်တွေပါဝင်ယှဉ်ပြိုင်ထိုးသတ်ကြမှာဖြစ်ပါတယ်။
ပါဝင်မယ့် လက်ဝှေ့တွဲဆိုင်းတွေကတော့(၆၅)ကီလိုတန်းမှာ စူပါရေချမ်းနဲ့စိန်လုံးချော(အောင်နိုင်သူ)၊ (၆၄)ကီလိုတန်းမှာတော့ စောဘဟိန်း(စက်ရုံ)နဲ့ မြလုံးချော(အောင်နိုင်သူ)၊ (၆၃)ကီလိုတန်းမှာတော့ အောင်ထက်ကျော်(တို့ရိုးရာ)နဲ့ အောင်ကိုလတ် (Rays)၊ (၆၀)ကီလိုတန်းမှာတော့ဆလိုင်းထန်ခွီးရှိန်နဲ့ မောင်ဇော်၊ (၈၀)ကီလိုတန်းမှာတော့ ရာမန်နဲ့အောင်ခိုင်၊ အလွတ်တန်းမှာ ထွန်းထွန်းမင်းနဲ့ကျော်စွာဝင်းတို့ ယှဉ်ပြိုင်ထိုးသတ်သွားမယ်လို့သိရပါတယ်။
မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲနဲ့ပတ်သက်တဲ့သတင်းစာရှင်းလင်းပွဲအခမ်းအနားကိုတော့ စက်တင်ဘာလ(၂၁)ရက်မနက်ပိုင်းက သိမ်ဖြူရိုးရာလက်ဝှေ့အားကစားရုံမှာကျင်းပခဲ့ပါတယ်။
အခမ်းအနားမှာ မြန်မာရိုးရာလက်ဝှေ့အဖွဲ့ချုပ်(ဥက္ကဋ္ဌ) ဒေါက်တာတင်အောင်လွင်က အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို Myanmar Martial Arts Group ရဲ့ Managing Director ဦးဝဏ္ဏကရှင်းလင်းပြောပါတယ်။
အဲဒီနောက် ပြိုင်ပွဲမှာပါဝင်မယ့် အားကစားသမားတွေနဲ့မိတ်ဆက်ပေးတာတွေပြုလုပ်ခဲ့ကြပါတယ်။ စက်တင်ဘာလ (၂၂)ရက်နေ့မှာကျင်းပမယ့် MLWC – 9 မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကို SkyNet Sports HD Channel တွေမှာ တိုက်ရိုက်ထုတ်လွှင့်ပြသပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။