ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဇွန်လ ၁၃ ရက် ကျင်းပမယ့် One Friday Fights 112 ပြိုင်ပွဲမှာ မြန်မာဖိုက်တာ တွေဖြစ်တဲ့ သွေးလင်းထက်၊ မိုးထက်အောင်နဲ့ စောမင်းမင်းတို့ရဲ့ပွဲစဉ်တွေ ပါဝင်လာမှာ ဖြစ်တယ်လို့ One Championship ကနေ သိရပါတယ်။

Co-Main Event အဖြစ် သွေးလင်းထက်နဲ့ ထိုင်းဖိုက်တာ ခရစ်ပတ်၊ မိုးထက်အောင်နဲ့ ထိုင်းဖိုက်တာ ခွန်ပွန်နွိုင်၊ စောမင်းမင်းနဲ့ ဩစတြေးလျဖိုက်တာ ဂျော့ရှ်တို့ ယှဉ်ပြိုင်ထိုးသတ်ရမှာ ဖြစ်ပါတယ်။ သွေးလင်းထက်က One Championship နဲ့ ၄ ပွဲ ထိုးသတ်ထားရာမှာ ၃ ပွဲနိုင်၊ ၁ ပွဲရှုံးနိမ့်ထားပြီး အခုနှစ်အတွင်း ထိုးသတ်တဲ့ ၂ ပွဲစလုံးမှာတော့ အနိုင်ရရှိထားပါတယ်၊၊

မိုးထက်အောင်ကတော့ One Championship နဲ့ ၄ ပွဲမြောက် ထိုးသတ်ရမှာဖြစ်ပြီး ပြီးခဲ့တဲ့ ၃ ပွဲမှာ ၂ ပွဲနိုင်၊ ၁ ပွဲ ရှုံးနိမ့်ထားပြီး စောမင်းမင်းက One Championshipမှာ ပထမဆုံးပွဲအဖြစ် ထိုးသတ်ရမှာ ဖြစ်ပါတယ်၊၊ဒါ့အပြင် One Friday Fights 112 ပြိုင်ပွဲမှာ တွဲဆိုင်းစုစုပေါင်း ၁၂ ပွဲပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်၊၊