ထိုင်းနိုင်ငံ၊ ဘန်ကောက်မြိုမှာ ဇွန် ၁၃ ရက်မှာ ကျင်းပမဲ့ One Friday Fights 112 ပြိုင်ပွဲမှာ မြန်မာဖိုက်တာဖြစ်တဲ့ မိုးထက်အောင်ရဲ့တွဲဆိုင်း ပါဝင်လာမှာ ဖြစ်တယ်လို ONE Championship ကနေ သိရပါတယ်။

မိုးထက်အောင်ဟာ ထိုင်းဖိုက်တာ ခွန်ပွန်နွိင် နဲ့ ယှဉ်ပြိုင်ထိုးသတ်ရမှာ ဖြစ်ပါတယ်၊၊ မိုးထက်အောင်ဟာ နောက်ဆုံးထိုးသတ်ထားတဲ့ပွဲမှာ အရေးနိမ့်ထားပြီး အခုပွဲမှာနိုင်ပွဲပြန်လည်ရယူဖို သေချာ ပြင်ဆင်ထားကာ ပြိုင်ဘက်ဖြစ်သူ ခွန်ပွန်နွိင်ကလည်း မြန်မာဖိုက်တာ ဆွန်ရက်နဲ့ထိုးသတ်ဖူးသူဖြစ်ပြီး အမှတ်နဲ့ အနိုင်ရရှိထားသူ ဖြစ်ပါတယ်၊၊

မိုးထက်အောင်ဟာ ONE နဲ့ ၄ပွဲမြောက် ထိုးသတ်ရမှာဖြစ်ပြီး ပြီးခဲ့တဲ့ ၃ ပွဲမှာ ၂ ပွဲနိုင်၊ ၁ ပွဲရှုးနိမ့်ထားပြီး ခွန်ပွန်နွိင် ကတော့ ONE နဲ့ ၇ ပွဲထိုးသတ်ထားရာ ၅ ပွဲနိုင်၊ ၂ ပွဲ ရှုးနိမ့်ထားပါတယ်၊၊ ဒါ့အပြင် ONE Friday Fights 112 ပြိုင်ပွဲမှာ တွဲဆိုင်း စုစုပေါင်း ၁၂ ပွဲပါဝင်မှာ ဖြစ်တယ်လို သိရပါတယ်၊၊