ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဇွန်လ ၆ ရက်မှာ ကျင်းပမဲ့ One Friday Fights 111 ပြိုင်ပွဲမှာ မြန်မာဖိုက်တာဖြစ်တဲ့ ဆွန်ရက်ရဲ့ တွဲဆိုင်း ပါဝင်လာမှာဖြစ်တယ်လို့ ONE Championship ကနေ သိရပါတယ်။ဆွန်ရက်ဟာ ထိုင်းဖိုက်တာ ပက်ဝီချစ်နဲ့ ထိုးသတ်ရမှာဖြစ်ပြီး မကျေပွဲအဖြစ် ပြန်လည်ထိုးသတ်ရမှာ ဖြစ်ပါ တယ်။

ဆွန်ရက် နဲ့ ပက်ဝီချစ်ဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက ပထမအကြိမ် တွေ့ဆုံခဲ့ပြီးနောက် ၆လနီးပါးအကြာမှာ ဒုတိယ အကြိမ်တွေ့ဆုံတာဖြစ်ကာ ပထမအကြိမ် တွေ့ဆုံရာမှာတော့ ဆွန်ရက်က အမှတ်နဲ့အနိုင်ရထားပါတယ်၊၊ဆွန်ရက်ဟာ ONE နဲ့ လက်တွဲပြီးနောက် ၁၁ ပွဲ ထိုးသတ်ထားရာ ၆ ပွဲနိုင်၊ ၅ ပွဲရှုံးနိမ့်ထားပြီး ပက်ဝီချစ်ကတော့ ONE နဲ့ ၈ ပွဲထိုးသတ်ထားရာ ၄ ပွဲနိုင်၊ ၄ ပွဲသရေကျထားပါတယ်၊၊ ဒါ့အပြင် ONE Friday Fights 111 ပြိုင်ပွဲမှာ တွဲဆိုင်းစုစုပေါင်း ၁၂ ပွဲ ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်၊၊