ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မေလ ၃၀ ရက်မှာ ကျင်းပမဲ့ One Friday Fights 110 ပြိုင်ပွဲမှာ မြန်မာဖိုက်တာတွေ ဖြစ်တဲ့ စူပါရေချမ်းနဲ့ထွန်းမင်းအောင်တို့ရဲ့ပွဲစဉ်တွေ ပါဝင်မှာဖြစ်တယ်လို့ ONE Championship ကနေ သိရ ပါတယ်။

စူပါရေချမ်းက ဂျပန်ဖိုက်တာ မူဂါ၊ ထွန်းမင်းအောင်က ထိုင်းဖိုက်တာ ချာပတ်နဲ့ ယှဉ်ပြိုင် ထိုးသတ်မှာ ဖြစ်ပါတယ်။ စူပါရေချမ်းနဲ့ထွန်းမင်းအောင်တို့ဟာ ONE Championship မှာ ၃ ပွဲထိုးသတ်ထားပြီး တစ်ပွဲနိုင်၊ နှစ်ပွဲ ရှုံးနိမ့်ထား သူတွေ ဖြစ်ပါတယ်၊၊ One Friday Fights 110 ပြိုင်ပွဲမှာ တွဲဆိုင်းစုစုပေါင်း ၁၂ ပွဲပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်၊၊