ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ မေလ ၂၃ ရက် ကျင်းပမယ့် One Friday Fights 109 ပြိုင်ပွဲမှာ မြန်မာဖိုက်တာ ဖြစ်တဲ့ အဲမွီရဲ့တွဲဆိုင်း ပါဝင်လာမှာဖြစ်တယ်လို့ One Championship ကနေ သိရပါတယ်။ အဲမွီဟာ ထိုင်းလူငယ် ဖိုက်တာ ဝပ်တီရိုင်နဲ့ ယှဉ်ပြိုင်ထိုးသတ်ရမှာဖြစ်ပြီး Co-Main Event အဖြစ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

အသက် ၂၃ နှစ်သာရှိသေးတဲ့ ထိုင်းဖိုက်တာ ဝပ်တီရိုင်ဟာ One Championship နဲ့ အခုနှစ်မှ စတင်လက်တွဲ ထားတာဖြစ်ပြီး တစ်ပွဲထိုးသတ်ထားရာ တစ်ပွဲအနိုင်ရထားပါတယ်။အဲမွီကတော့ One Championship နဲ့ ၄ ပွဲထိုးသတ်ထားရာ နှစ်ပွဲနိုင်၊ နှစ်ပွဲရှုံးနိမ့်ထားပြီး အခုနှစ်အတွင်း ထိုးသတ် တဲ့နှစ်ပွဲမှာ တစ်ပွဲနိုင်၊ တစ်ပွဲ ရှုံးနိမ့်ထားပါတယ်၊၊One Friday Fights 109 ပြိုင်ပွဲမှာ တွဲဆိုင်းစုစုပေါင်း ၁၂ တွဲ ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်၊၊