အမေရိကန်နိုင်ငံ၊ နယူးဂျာစီပြည်နယ်မှာ ဒေသစံတော်ချိန် ဇွန်လ၇ရက် ညပိုင်း၊ မြန်မာစံတော်ချိန် ဇွန်လ၈ရက် မနက်အစောပိုင်းက ကျင်းပခဲ့တဲ့ UFC 316ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု ချင်းတိုင်းရင်းသားဖိုက်တာ ဂျော့ရှူဝါဗန်က ပြိုင်ဘက်ဘရာဇီးဖိုက်တာကို ဒိုင်ပွဲရပ်နဲ့ အနိုင်ရသွားပါတယ်။

ဖလိုင်းဝိတ်တန်းပွဲစဥ်အဖြစ် ထိုးသတ်တဲ့ပွဲမှာ ဂျော့ရှူဝါဗန်ဟာ ပြိုင်ဘက် ဘရာဇီးဖိုက်တာ ဘရူနိုဆေးလ်ဗားကို ဖိအားပေးထိုးသတ်နိုင်ခဲ့ပြီး တတိယအချိန်နှောင်းပိုင်းမှာတော့ ဒိုင်ပွဲရပ်နဲ့အနိုင်ရခဲ့တာပါ။ဂျော့ရှူဝါဗန်ဟာ အခုနိုင်ပွဲအပါအဝင် UFC၈ပွဲ ယှဉ်ပြိုင်ထိုးသတ်ရာမှာ ၇ပွဲအထိ အနိုင်ရထားပြီဖြစ်ပါတယ်။အခုကျင်းပခဲ့တဲ့ UFC 316ပြိုင်ပွဲကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့် နရောက်ကြည့်ရှုအားပေးခဲ့တယ်လိုလည်း သိရပါတယ်။